A d v e r t i s e m e n t With Us

နှစ်နိုင်ငံနယ်စပ်အနီး စစ်ရေးလေ့ကျင့်မှု ဆက်ဆံရေး မထိခိုက်ဟု တရုတ်ပြော

မြန်မာနယ်စပ်အနီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ရေးလေ့ကျင့်နေစဉ်
မြန်မာနယ်စပ်အနီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ရေးလေ့ကျင့်တာ ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆက်ရေးကို မထိခိုက်နိုင်ဘူးလို့ တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန် ကိုယ်စားလှယ်အသစ်ဖြစ်တဲ့ H.E Mr. Sun Guo Xiang က ပြောဆိုလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ လော်ခီးလာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ ထိပ်သီးညီလာခံ ပထမနေ့ကို တက်ရောက်လာစဉ် သတင်းထောက်တွေရဲ့မေးမြန်းတာကို ဖြေကြားခဲ့တာပါ။ တရုတ်တပ်မတော်အနေနဲ့ မိမိနိုင်ငံရဲ့ လုံခြုံရေးကိုကာကွယ်ဖို့ တရုတ်နိုင်ငံပြည်တွင်းမှာ စစ်ရေးလေ့ကျင့်ခန်းကို ပြုလုပ်တာဆိုတာ သဘာဝပဲဖြစ်ပြီး တဖက်ဖက်က ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာမဟုတ်ပါဘူး” လို့ ပြောပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အတော်ကောင်းမွန်သလို တပ်မတော် ၂ ခုရဲ့ ဆက်ဆံရေးဟာလည်း အင်မတန်ကောင်းမွန်ပြီး အခုစစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို မထိပါဘူးလို့ သူက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up