ကနေဒါ ဆေးလိပ်ကုမ္ပဏီ ၃ ခု ဒေါ်လာ ၁၂ ဘီလီယံ လျော်ကြေးပေးရန် တရားရုံးဆုံးဖြတ်

ဓာတ်ပုံ - ရိုက်တာ
ကနေဒါနိုင်ငံ ကွိဘက်ပြည်နယ်မှာ ဆေးလိပ်ကုမ္ပဏီ ၃ ခုကို ဆေးလိပ်သောက်သုံးသူတွေရဲ့ ကျန်းမာရေးထိခိုက်မှုအတွက် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ လျော်ကြေးပေးဖို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဆေးလိပ်သောက်သုံးမှုနဲ့ ဆက်စပ်တဲ့ရောဂါအကြောင်း ဆေးလိပ်သောက်သုံးသူတွေကို သတိပေးဖို့ ပျက်ကွက်လို့ ဆေးလိပ်သောက်သုံးသူတွေက အခုလို တရားစွဲခဲ့တာလို့ ဆေးလိပ်ကုမ္ပဏီတွေက ဇွန် ၁ ရက်က ပြောပါတယ်။ ကနေဒါနိုင်ငံသမိုင်းမှာ ကျန်းမာရေး ထိခိုက်မှုအတွက် လျော်ကြေးပေးရတာ အခုတကြိမ်ဟာ ပမာဏအများဆုံးဖြစ်ပြီး ဆေးလိပ်ကုမ္ပဏီတွေကတော့ အယူခံဝင်မယ်လို့ ပြောဆိုထားကြပါတယ်။ ဒီဆေးလိပ်ကုမ္ပဏီတွေကို ၁၉၉၈ ခုနှစ်ကတည်းက ဥပဒေကြောင်းအရ တရားစွဲဆိုခဲ့တာ ဖြစ်ပေမယ့် အခုမှ တရားရုံးက အမှုကို ဆုံးဖြတ်လိုက်တာပါ။ ဆေးလိပ်ကုမ္ပဏီတွေကတော့ သူတို့ သတိပေးတားမြစ်ချက် မလုပ်လိုက်တာဟာ ၁၉၅၀ ခုနှစ်ကတည်းက ကနေဒါနိုင်ငံသားတွေက ဆေးလိပ်အန္တရာယ်ကို ကောင်းကောင်းသိရှိကြလို့ ဖြစ်တယ်လို့ ငြင်းချက်ထုတ်ထားပြီး နှစ်ပေါင်း ၄၀ ကြာ ဒီသတိပေး တားမြစ်စာသားကို ဆေးလိပ်ဘူးတိုင်းမှာ ရိုက်နှိပ်ထားတာ ဖြစ်တယ်လို့လည်း ကုမ္ပဏီတွေက ပြောပါတယ်။ ဆေးလိပ်မဖြတ်နိုင်ပဲ ဆေးလိပ်နဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားရတဲ့ ဆေးလိပ်သောက်သုံးသူ ၁ သန်းနီးပါးကိုယ်စား အမှုဖွင့် တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up