လူကုန်ကူးမှုနှင့် ပတ်သက်သည့် ထိုင်း ဒုဗိုလ်ချုပ်ကြီး အဖမ်းခံ
လူကုန်ကူးမူတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ထိုင်း စစ်တပ်ရဲ့ ဒုတိယ ဗိုလ်ချူပ်ကြီးဟာ ဇွန် ၂ ရက်က ကိုယ်တိုင်သွားရောက် အဖမ်းခံရပါတယ်။
ထိုင်းစစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး မန်နပ်ခုန်ပန့်ဟာ ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပြီး အမှုကို ရင်ဆိုင်မှာ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာပါ။
အသက် ၅၈ နှစ် ဒုဗိုလ်ချုပ်ကြီးကို လူမှောင်ခိုမှု၊ လူမှောင်ခိုကူးခံရသူတွေကို ဖမ်းဆီး ထိန်းသိမ်း ထားမှု၊ ပြန်ပေးဆွဲ ငွေတောင်းမှုတွေနဲ့ ဖမ်းဝရမ်း ထုတ်ခဲ့တာလို့ ထိုင်း နိုင်ငံထုတ် သတင်းစာတွေ မှာ ဖော်ပြခဲ့ပါတယ်။
ထိုင်းအစိုးရက လူမှောင်ခိုမှုတွေ နဲ့ ဆက်နွယ်တယ်လို့ သံသယ ရှိပြီး ဖမ်းဆီး ထားသူတွေထဲမှာတော့ သူဟာ အဆင်မြင့်ဆုံးရာထူး ရှိတဲ့သူဖြစ်ပါတယ်။