A d v e r t i s e m e n t With Us

ဆပ်ဘလတ္တာ ဖီဖာဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်

ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေကြားက ငွေကြေး အရှုပ်တော်ပုံကြောင့် ဥက္ကဋ္ဌ ဆပ်ဘလတ္တာ ရာထူးက နုတ်ထွက်သွားပါတယ်။ ဘလတ္တာဟာ ဖီဖာဥက္ကဋ္ဌ ရာထူးကို ပြီးခဲ့တဲ့ ၄ ရက်ကမှ ပြန်လည် ရွေးကောက် တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဖီဖာရဲ့ ထိပ်တန်းတာဝန်ရှိသူ ၇ ဦးကို အဂတိလိုက်စားမှု၊ ငွေကြေးခ၀ါချမှု စတာတွေနဲ့ ဖမ်းဆီးခံရပြီး နောက် ၂ ရက်အကြာ ဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ ၅ ကြိမ်မြောက် အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။ လောလောဆယ် ဆပ်ဘလတ္တာကို ငွေကြေးအရှုပ်တော်ပုံကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။ ဖီဖာဥက္ကဋ္ဌ ရာထူးကနေ ဆပ်ဘလတ္တာ နုတ်ထွက်သွားတဲ့အပေါ် ဥက္ကဋ္ဌ ရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂျော်ဒန်မင်းသား အလီဘင် အယ်ဟူစိန် အပါအ၀င် အင်္ဂလန်၊ ဂျာမနီနဲ့ နိုင်ငံတော်တော်များများက ဘောလုံးအဖွဲ့ချုပ်တွေက ကြိုဆိုခဲ့ပါတယ်။ ဘလတ္တာဟာ ဖီဖာဥက္ကဋ္ဌ ရာထူးကို ၁၉၉၈ မှာ စတင် အရွေးခံခဲ့ရပြီး ၅ ကြိမ်ဆက်တိုက် အရွေးခံခဲ့ရသူ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up