အမေရိကန် ယူ-၂၀ နယူးဇီလန်ကို ၄ ဂိုး ဂိုးမရှိဖြင့်နိုင်

1.6K
နယူးဇီလန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားနေတဲ့ ယူ ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မြန်မာအသင်းပါဝင်တဲ့ အုပ်စု (က) က အမေရိကန်နဲ့ နယူးဇီလန်တို့ပွဲမှာ အမေရိကန်က ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
အမေရိကန်အတွက် ဂိုးတွေကို ပထမပိုင်း ၆ မိနစ်မှာ ရှုဘင်၊ ၃၃ မိနစ်မှာ ဟိုင်မန်တို့က သွင်းယူသွားခဲ့ပြီး ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာပါ။
ဒုတိယပိုင်း ၅၈ မိနစ်မှာ အာရီအိုလာနဲ့ ၈၃ မိနစ်မှာ ရှုဘင်တို့က သွင်းယူပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
၂ သင်းစလုံး ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းနဲ့ ဆတူရှိခဲ့သလို အမေရိကန်က ဂိုးသွင်းဖို့ ကြိုးစားတဲ့အကြိမ် ၃၀ ရှိခဲ့ပြီး နယူးဇီလန်က ၁၁ ကြိမ်သာ ရှိခဲ့ပါတယ်။
အမေရိကန်ရဲ့ ဒီပွဲအနိုင်ကြောင့် အုပ်စု ဒုတိယအဆင့် တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။
နယူးဇီလန်ကတော့ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဇွန် ၅ ရက်နေ့ မြန်မာနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဖီဖာ
[gallery ids="95645,95646,95647,95648"]