မြန်မာ-ယူကရိန်း ပွဲအပြီး နည်းပြများ ပြောစကား

ဓာတ်ပုံ - ဖီဖာ
မြန်မာနည်းပြ ဂတ်ဆီဇီ “ကျနော်တို့အသင်း တပွဲကစားဖို့လောက်ပဲ ခွန်အားရှိပါတယ်။ ဥရောပအသင်းတွေက တခြားပြိုင်ပွဲတွေ ကစားပေမယ့် ကျနော်တို့ မလိုက်နိုင်ခဲ့ပါဘူး။ ကျနော်တို့က တကယ့် အကန်းတွေပါ။ အတွေ့အကြုံမရှိဘူး။ ဒါက အရမ်းကို ရှင်းပါတယ်။ တကယ်ကို ကပ်ဆိုးတခုပါပဲ။ ပြိုင်ပွဲက ကျနော်တို့အတွက် တိုတောင်းလွန်းပါတယ်။ ဒီအသင်းတွေကို ကျနော်တို့ မလိုက်နိုင်ပါဘူး။ အခွင့်အရေးလည်း မရှိပါဘူး။ ကျနော့်အသင်းက ညံ့ပါတယ်။ အမေရိကန်နဲ့ပြိုင်ပွဲလိုပါပဲ။ ဒုတိယပိုင်း ၁၅ မိနစ်၊ ၂၀ မိနစ်မှာ ကျနော်တို့ ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ ကျနော်တို့ လက်တွေ့ကျရပါမယ်။ ပွဲက ပြီးဆုံးသွားပါပြီ။ မြန်မာ ပရိသတ်တွေကို ကျနော် တောင်းပန်ရပါမယ်။ ဒီကပ်ဆိုးအတွက် ကျနော့်မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် စက်ဘီးသမားကို ပြိုင်ကားမောင်းတဲ့လူအဖြစ် ကျနော် မပြောင်းလဲနိုင်ပါဘူး။” ယူကရိန်း နည်းပြ  အိုလက်ဇန်ဒရာ ပက်ရာကော့ဗ် “ပြိုင်ပွဲရဲ့ ရလဒ်အပေါ် ကျနော် အရမ်းကို ကျေနပ်ပါတယ်။ ဒီပွဲမတိုင်ခင် ဒုတိယပိုင်းမှာ ပွဲက အရှိန်မရှိ ဖြစ်နေတဲ့အတွက် ဗယ်လာရီ လူစ်ကိုဗစ်ကို ထည့်ဖို့ ကျနော်စီစဉ်ခဲ့ပါတယ်။ သူ ဒုတိယပိုင်းမှာ ကစားမယ်လို့ ကျနော်တို့ သဘောတူခဲ့သလို သူ့ကြောင့် ပွဲက အတော်ကို တိုးတက်လာခဲ့ပါတယ်။ နယူးဇီလန်နဲ့ပွဲလိုပဲ ပထမပိုင်းမှာ ရတဲ့ အခွင့်အရေးတွေကနေ ဂိုးရဖို့ ကျနော်တို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဒါဟာ လုံးဝကို ပြောင်းလဲသွားပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ပရိသတ်တွေ ပျော်အောင် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up