Home
ရွေးကောက်ပွဲ
ရွေးကောက်ပွဲ သတင်းတိုများ
DVB
·
June 2, 2015
ဥရောပသမဂ္ဂ ရွေးကောက်ပွဲ ဆန်းစစ်လေ့လာရေးအဖွဲ့္ဂနှင့် ဒေါ်စု တွေ့ဆုံ ဒီဗွီဘီ ရွေးကောက်ပွဲဆိုင်ရာ အခြေအနေတွေ၊ ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂက သံအမတ် မစ္စတာ Kobia ဦးဆောင်အဖွဲ့နဲ့ အမျိုးသားဒီမိုကစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့အပတ်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့သလို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ ရွေးကောက်ပွဲလေ့လာရန် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လေ့လာစောင့်ကြည့်မှု အပြည့်အ၀ ဆောင်ရွက်နိုင်မှုအတွက် ဖြစ်နိုင်ခြေ ရှိမရှိကို သုံးသပ်ဖို့ Ms. Lora Borissova ဦးဆောင်တဲ့ ဆန်းစစ်လေ့လာရေးအဖွဲ့ မြန်မာနိုင်ငံကို လာရောက် လေ့လာခဲ့ပါတယ်။ ဒီလေ့လာရေးခရီးစဉ်တလျှောက် ဆွေးနွေးမှုတွေဟာ ယခုနှစ်နှောင်းပိုင်းမှာ ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဥရောပလေ့လာစောင့်ကြည့်သူတွေ လာရောက်၊ မရောက်ကို ဆုံးဖြတ်ရာမှာ အရေးပါမှာ ဖြစ်ပါတယ်။ ----------------------------------------------------- ရွေးကောက်ပွဲ မဲထည့်ရမည့်စာရင်းတွင် မိမိနာမည်ပါမပါ အွန်လိုင်းမှ ကြည့်နိုင် ဒီဗွီဘီ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မိမိနာမည် မဲစာရင်းထည့်ရမယ့်အထဲမှာ ပါမပါဆိုတာ အွန်လိုင်းမှလည်း ကြည့်ရှုစစ်ဆေးနိုင်ဖို့အတွက် https://checkvoterlist.uecmyanmar.org/ ဝက်ဘ်ဆိုက်ကို USAID, IFES, နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေ ၂၆ ရက်နေ့က လွှင့်တင်လိုက်တာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေဟာ မိမိတို့အမည်စာရင်းရှိရာ မြို့နယ်က မဲဆန္ဒရှင်စာရင်းတွေမှာ အမည် ပါ၊ မပါကို လူကိုယ်တိုင် သွားရောက်စရာမလိုပဲ ကြည့်ရှုစစ်ဆေးနိုင်မှာဖြစ်ပြီး လိုအပ်တဲ့ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများ ပြုလုပ်ရန် လို၊ မလို သိရှိနိုင်စေမှာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို စမတ်ဖုန်း (သို့မဟုတ်) အင်တာနက်ကို ဆက်သွယ်ချိတ်ဆက်အသုံးပြုနိုင်သော မည်သည့် ကိရိယာမှမဆို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ website ကို Uni code နဲ့ရေးထားတဲ့အတွက် ဇော်ဂျီကုဒ်အသုံးပြုသူတွေ ဝင်ကြည့်ဖို့တော့အဆင်မပြေသေးပါဘူး။ ခုလောလောဆယ်တော့ မဲစာရင်းထုတ်ပြန်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး နဲ့ နေပြည်တော်ရှိ မြို့နယ် ၂၂ စာရင်းကိုပဲ ကြည့်ရှုလို့ရပါသေးတယ်။ ------------------------------------------------------- ရွေးကောက်ပွဲကို လူတိုင်းပါဝင်စောင့်ကြည့်နိုင်ရန် website နှင့် android application ရေးဆွဲ ဒီဗွီဘီ Myanmar ICT for Development Organization (MIDO) မီဒိုအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လူတိုင်းပါဝင်စောင့်ကြည့် သတင်းပေးပို့နိုင်အောင်ရည်ရွယ်ပြီး website နှင့် android application ရေးဆွဲနေပါတယ်။ ဒီစောင့်ကြည့်လေ့လာရေး application ကိုသုံးပြီး မဲမသမာမှုအပါအဝင် ရွေးကောက်ပွဲသတင်းတွေကို ပေးပို့နိုင်သလို မဲရုံများမှ မဲစာရင်းအရေအတွက်တွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ online အသုံးပြုပြီး သတင်းတွေ ပေးပို့နိုင်သလို online မရပါကလည်း SMS စနစ်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ အရင်က ဘယ်တွေလုပ်သလဲဆိုတော့ facebook ပေါ်မှာတင်ကြတယ်။ facebook ပေါ်မှာတင်ကြတော့ လူတွေအများကြီးသုံးကြတော့ အခုဒီသတင်းတွေ့လိုက်ပေမယ့် နောက်တခါ ဒီသတင်း ကိုပြန်ရှာမယ်ဆိုရင် မလွယ်တော့ဘူး။ သတင်းတွေက တတ်တာအရမ်းမြန်တော့လေ၊ ဒီပလက်ဖောင်းရှိခြင်းအားဖြင့် အချိန်နဲ့တပြေးညီ လူတွေ ဘယ်ဧရိယာမှာ ဘာတွေဖြစ်နေပြီလည်း ကိုယ်ရှိတဲ့နေရာ ကိုယ့်မြိုတခုတည်းမဟုတ်ပဲနဲ့ မြန်မာနိုင်ငံအနှံမှာ ဘယ်တွေဖြစ်နေပြီလည်း ဘယ်ဧရိယာမှာတော့ ရီပို့တွေအရမ်းများတယ် အခက်အခဲတွေနဲ့တွေ့နေတယ်။ အချိန်နဲ့တပြေးညီ သိလာနိုင်မယ်။ အဲ့တာတွေ အားသာချက် ရှိတာကြောင့် အဓိက ရည်ရွယ်ပြီးလုပ်တာပါလို့ မီဒိုအဖွဲ့က မရတနာထွန်းက ပြောပါတယ်။ ---------------------------------- ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးကိုကိုကြီး ၀င်ရောက်ယှဉ်ပြိုင်မည် ဒီဗွီဘီ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ “တိုင်မင်ပေါ့၊ ရွေးကောက်ပွဲဘယ်အချိန်မှာဝင်မယ်ဆိုတာနဲ့ ဘယ်လိုပုံစံမျိုးဝင်မယ်ဆိုတာကို မပြောသေးပါဘူး။ ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ အခင်းအကျင်းတစုံလုံးကို ဆွေးနွေးထားတာတွေ ရှိပါတယ်။ ရွေးကောက်ပွဲအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ စတဲ့ တနိုင်ငံလုံးနဲ့ ပတ်သတ်တဲ့ နိုင်ငံရေးအခင်းအကျင်းကို ဆွေးနွေးပြီး ကြေညာချက်ကို ထုတ်ခဲ့ပါ တယ်။ ဒါပေမယ့် အသေးစိတ်ဖြစ်တဲ့ ၈၈ ခေါင်းဆောင်တွေထဲက ဘယ်သူခေါင်းဆောင်တွေ ရွေးကောက်ပွဲဝင်မယ် NLD နဲ့ ဘယ်လိုနားလည်မှုယူမယ်ဆိုတဲ့ ကိစ္စတွေကိုတော့ အသေးစိတ် မထုတ်ပြန်နိုင်သေးပါဘူး”လို့ ဦးကိုကိုကြီးက ပြောပါတယ်။ မေလ ၂၇ ရက်နေ့ က ကျင်းပတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ နိုင်ငံရေးပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024