A d v e r t i s e m e n t With Us

မြန်မာနယ်စပ်၌ တရုတ်စစ်တပ် လက်နက်ကျည်ဆန် အစစ်များသုံး စစ်ရေးလေ့ကျင့်

ဓာတ်ပုံ- xinhuanet.com
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်မှာ လက်နက်ကျည်ဆန် အစစ်တွေ အသုံးပျြုပြီး ဒီကနေ့ စတင်စစ်ရေးလေ့ကျင့်မယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တရုတ်တပ်မတော်က ကြည်းတပ်နဲ့ လေတပ်တွေ ပူးပေါင်း ပါဝင်မယ်လို့ တရုတ်တပ်မတော် ချန်ဒုစစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ Zhao Picong က ပြောပါတယ်။ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်စစ်ရေးလေ့ကျင့်မှုကို မြန်မာနိုင်ငံက ကိုးကန့်ဒေသနဲ့ နယ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်က မြို့နယ် ၂ ခုမှာ ဇွန်လ ၂ ရက်နေ့ ဒီကနေ့မှာ စတင်မယ်လို့ ကြေညာထားပါတယ်။ ထုတ်ပြန်ချက်အရ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို တရုတ်-မြန်မာ နယ်စပ် တောင်ဘက်ရှိ နယ်ခြားမှတ်တိုင် အမှတ် ၁၀၅-၁ မှ နယ်ခြားမှတ်တိုင် အမှတ် ၁၄၄-၄ အထိ တရုတ်နိုင်ငံက လက်နက်တွေ အသုံးပြု၍ ကြည်းနှင့် လေ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒေသခံတွေကိုတော့ စစ်ရေးလေ့ကျင့်မှုလုပ်မယ့် ဧရိယာထဲကို ၀င်ခွင့်ပိတ်ပင်ထားပြီး လေယာဉ်တွေကိုလည်း ခွင့်ပြုချက်မရှိဘဲ စစ်ရေးလေ့ကျင့်ပမယ့် လေပိုင်နက်အတွင်း ဖြတ်သန်း မသွားဖို့ သတိပေးထားပါတယ်။ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ မြန်မာဘက်ကို တရုတ်အာဏာကပိုင်တွေက အကြောင်းကြား ထားပြီး စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမယ့် နေ့ကိုလည်း ကြေညာမယ်လို့ ဆိုပါတယ်။ တရုတ်မြန်မာနယ်စပ်မှာ မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့် လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တရုတ်မြေပေါ်ကို လက်နက်ကျည်ဆန်တွေကျရောက် ပေါက်ကွဲပြီး အရပ်သားတွေ သေကျေထိခိုက်ဒဏ်ရာရခဲ့ကြပြီးနောက် တရုတ်စစ်တပ်က ခုလို စတင် စစ်ရေးလေ့ကျင့် နေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up