ဆော်ဒီတွင် မားစ်ရောဂါနှင့် သေဆုံးသူ ၁၁ ဦးရှိ
ဆော်ဒီအာရေဗျ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ ပြီးခဲ့တဲ့ မေ ၂၄ ရက်ကနေ ၃၀ ရက်နေ့အတွင်း မားစ်ရောဂါနဲ့ သေဆုံးသူ ၁၁ ယောက် ရှိခဲ့ပါတယ်။
အရင်တနှစ်ကနဲ့စာရင် ရောဂါကူးစက် ဖြစ်ပွားနှုန်း လျော့နည်းခဲ့ပေမယ့် ဆော်ဒီ ကျန်းမာရေးဌာနတွေကိုတော့ အဆင့်မြင့်ဆုံး တပ်လှန့်ထားဆဲ ဖြစ်ပါတယ်။
ဆော်ဒီမှာ မာစ်းရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၀၁၄ ယောက် ရှိခဲ့တာမှာ ၅၆၂ ယောက်က သက်သာပျောက်ကင်းခဲ့ပြီး ၄၄၆ ယောက် သေဆုံးခဲ့တဲ့အတွက် သေဆုံးနှုန်း ၄၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။
ဒီ မားစ်ရောဂါဗိုင်းရပ်စ်ဟာ ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါ ဗိုင်းရပ်စ်နဲ့ ဆင်တူပြီး ကာကွယ်ကုသဆေး မရှိသေးပါဘူး။
မားစ်ရောဂါကို ဆော်ဒီအာရေဗျနိုင်ငံမှာ ၂၀၁၂ ခုနှစ်က ပထမဆုံး စတင်တွေ့ရှိခဲ့တာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကြီးကလည်း ကမ္ဘာတ၀န်း ရောဂါကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ၄၀၀ ကျော် သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပင်လယ်ကွေ့ဒေသက ကုလားအုပ်တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ မာစ်းရောဂါဗိုင်းရပ်စ်ပိုးကို သယ်ဆောင်တယ်လို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။