မြန်မာ ယူ ၂၃ အသင်းပါဝင်သည့် အုပ်စု ဆီးဂိမ်းပြိုင်ပွဲ ဇွန် ၁ ရက် စမည်

ဓာတ်ပုံ (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖေ့ဘွတ်ခ်)
1.6K
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၈ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲ ဘောလုံး ပြိုင်ပွဲမှာ မြန်မာယူ ၂၃ အသင်း ပါဝင်တဲ့ အုပ်စု (က) ပွဲစဉ်တွေကို ဇွန် ၁ ရက်နေ့မှာ စတင်သွားမှာပါ။
အုပ်စု (အေ)မှာ မြန်မာယူ ၂၃ အသင်းက အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။
ဇွန် ၁ ရက်နေ့ အုပ်စုအဖွင့်ပွဲမှာ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ ယှဉ်ပြိုင်ရမှာပါ။
မြန်မာယူ ၂၃ အသင်းကတော့ အင်ဒိုနီးရှားအသင်းနဲ့ ဇွန် ၂ ရက်နေ့မှာ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဇွန် ၄ ရက်နေ့မှာ မြန်မာက စင်ကာပူ၊ ဇွန် ၇ ရက်မှာ ဖိလစ်ပိုင်၊ ဇွန် ၁၀ ရက်နေ့မှာ ကမ္ဘောဒီယားအသင်းနဲ့ အသီးသီး ကစားရမှာပါ။
ဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာ အုပ်စု ၂ ခု ပါဝင်ပြီး အုပ်စု တခုစီကနေ အမှတ်အများဆုံး ၂ သင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်ရမှာ ဖြစ်ပါတယ်။