A d v e r t i s e m e n t With Us

ချန်ပီယံဆုဖြင့် အာဆင်နယ် လန်ဒန်တွင် အောင်ပွဲခံ

ဓာတ်ပုံ (တယ်လီဂရပ်ဖ်)
အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား ချန်ပီယံဆုနဲ့အတူ လန်ဒန်မြို့ထဲမှာ မေ ၃၁ ရက်နေ့က လှည့်လည် အောင်ပွဲခံခဲ့ပါတယ်။ လန်ဒန်အခြေစိုက် အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်တာပါ။ အာဆင်နယ်ရဲ့ အောင်ပွဲခံတဲ့ အခမ်းအနားကို လန်ဒန်မြို့ခံ ပရိသတ်တွေ လမ်းမတွေပေါ်မှာ ထောင်နဲ့ချီပြီး ပါဝင် ဆင်နွှဲခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အာဆင်နယ်ဟာ အက်စတွန်ဗီလာကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။ နည်းပြ အာစင်ဝင်းဂါးရဲ့ အာဆင်နယ် အသင်းဟာ အက်ဖ်အေဖလား ချန်ပီယံဆုကို ဆွတ်ခူး နိုင်ပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂၀၀၄ နောက်ပိုင်းမှာ ရယူနိုင်ခြင်း မရှိသေးပါဘူး။ အာဆင်နယ် တိုက်စစ်မှူး ၀ါးကော့ကတော့ အက်ဖ်အေဖလား ပြီးရင် လာမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်အောင် ပစ်မှတ်ထားရမယ်လို့ ပြောဆိုထားပါတယ်။ အာဆင်နယ်ဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ချဲလ်ဆီးရဲ့နောက် ၁၂ မှတ်အကွာနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up