A d v e r t i s e m e n t With Us

ဂျာမန်ဖလား ဗိုလ်လုပွဲ ၀ု့စ်ဘာ့ ဗိုလ်စွဲ

ဂျာမန်ဖလားဗိုလ်လုပွဲမှာ ၀ု့စ်ဘာ့က ဒေါ့မန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ဒီပွဲမှာ ဒေါ့မန်အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြ ဂျာကန်ကလော့ရဲ့ နောက်ဆုံး ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ဖြစ်တာနဲ့အညီ အကြိတ်အနယ် ရှိခဲ့ပြီး နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင် နိုင်ခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ ဒေါ့မန်အတွက် ဦးဆောင်ဂိုးကို အာဘာမီယန်းက သွင်းယူပါတယ်။ ၀ု့စ်ဘာ့အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပထမပိုင်းမှာပဲ ဂတ်စတာဗို၊ ဘိုင်နီနဲ့ ဒေါ့စ်တို့က အသီးသီး သွင်းယူပြီး အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒေါ့မန်အတွက်တော့ ၂၀၀၈ နောက်ပိုင်းမှာ စတုတ္ထအကြိမ်မြောက်အဖြစ် ဂျာမန်ဘုရင့်ဖလား ဗိုလ်လုပွဲကို တက်ရောက်ခဲ့ တာပါ။ ၀ု့စ်ဘာ့အတွက်တော့ ၂၀၀၉ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။ ၀ု့စ်ဘာ့ ဒီနှစ် ဂျာမန်ဘွန်ဒတ်စ်လီဂါမှာလည်း ချန်ပီယံ ဘိုင်ယန်မြူးနစ်ရဲ့ နောက် အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ ပါတယ်။ [gallery ids="95373,95372,95374,95375"]

A d v e r t i s e m e n t With Us

More News
Up