A d v e r t i s e m e n t With Us

နိုင်ဂျီးရီးယား ဗလီတခုတွင် အသေခံဗုံးခွဲ

နိုင်ဂျီးရီးယားနိုင်ငံ မိုင်ဒူဂါရီမြို့က ဗလီတခုမှာ  မေ ၃၀ ရက်နေ့က အသေခံဗုံးခွဲမှုတခု ဖြစ်ခဲ့ပြီး  ၁၈ ဦးထက် မနည်း သေဆုံးသွားတယ်လို့ နယ်ခံ ဆေးရုံက ပြောပါတယ်။ သမ္မတသစ် မူဟာမာဒူ မူဟာရီ ကျမ်းသစ္စာကျိန်ပြီး တရက်အကြာမှာပဲ အခု တိုက်ခိုက်မှု ဖြစ်တာပါ။ လူအယောက် ၃၀ ဒဏ်ရာရတယ်လို့ ဆေးရုံက ပြောပါတယ်။ မျက်မြင်တယောက်က ဗုံးပေါက်တဲ့အချိန်မှာ လူ ၄၀ လောက် ၀တ်ပြုဖို့ ရောက်နေတယ်လို့ ဆိုပါတယ်။ နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်အဖွဲ့က ဆူပူသောင်းကျန်းနေတာ ၆ နှစ် ကာလအတွင်းမှာ လူပေါင်း ၁ သန်းခွဲလောက် အိုးအိမ်တွေကနေ ပြောင်းရွှေ့ခဲ့ရပါတယ်။ အာဖရိကမှာ စီးပွားရေး အင်အားအကြီးဆုံးနဲ့ ရေနံ အများဆုံးတင်ပို့တဲ့ နိုင်ဂျီးရီးယားကို အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် ပြောင်းလဲချင်တဲ့ စစ်သွေးကြွအဖွဲ့ဟာ ဒီနှစ်အစမှာ နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ အတော်များများကို သိမ်းခဲ့ပါတယ်။ အခုတော့ ချတ်နဲ့ နိုက်ဂျာ တပ်တွေရဲ့ အကူအညီနဲ့ နိုင်ဂျီးရီးယားက တန်ပြန်ထိုးစစ်ဆင်နေသလို၊ ကင်မရွန်းကလည်း နယ်စပ်မှာ စစ်ဆင်နေလို့ ဘိုကိုဟာရမ်အဖွဲ့ဟာ သိမ်းထားတဲ့ နယ်မြေတွေ စွန့်လွှတ်ပြီး နောက်ပြန်ဆုတ်နေရပါတယ်၊ အခုတော့ ဆမ်ဘီစာ ကြိုးဝိုင်းသစ်တောကို နောက်ဆုံး ခံတပ်အဖြစ် ခြေကုပ်ယူထားပါတယ်။ နိုင်ဂျီးရီးယား သမ္မတသစ် လက်ထက်မှာ ဘိုကိုဟာရမ် စစ်ဆင်ရေးကို အရှိန်မြှင့်မယ်ဆိုရင် အကူညီပေးဖို့ အမေရိကန်နဲ့ဗြိတိန်တို့ကလည်း မေ ၂၉ ရက်နေ့က ကတိပြုထားပါတယ်။ [gallery ids="95315,95316,95317,95318,95319"]

A d v e r t i s e m e n t With Us

More News
Up