A d v e r t i s e m e n t With Us

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် ဟာဝိုင်အီခရီးစဉ် စတင်

တရုတ်နိုင်ငံ၊ နန်ကျင်းမြို့မှာ ၁ လကျော်ကြာ ရပ်နားခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse 2 ဟာ ဒီနေ့မနက်အစောပိုင်းက အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီပြည်နယ်ကို ထွက်ခွာသွားပါတယ်။ ပစိဖိတ်သမုဒ္ဒရာ ရာသီဥတုအခြေအနေကြောင့် နဂိုထွက်ခွာရမယ့် ရက်ထက် ၁ ပတ်နောက်ကျပြီး ထွက်ခွာရတာလည်းဖြစ်ပါတယ်။ ဟာဝိုင်အီကျွန်းအရောက် ၇ ရက် ဆက်တိုက်ပျံသန်းရမှာဖြစ်တာကြောင့် နေရောင်ခြည်စွမ်းအင်အပြည့်အ၀ ရဖို့လိုအပ်တယ်လို့ လေယာဉ်မှူး ဖြစ်တဲ့ အန်ဒရေ ဘော့ခ်ျဘာ့ Andre Borschberg က ပြောဆိုပါတယ်။ ဒါကြောင့် အရင်ရွေးချယ်ထားတဲ့ ၅ ရက်ကြာ လမ်းကြောင်းကနေ ပြောင်းလဲပြီး ၇ ရက်ကြာ ခရီးစဉ်ကို ပျံသန်းရမှာလည်းဖြစ်ပါတယ်။ အခု ဟာဝိုင်အီခရီးစဉ်ဟာ ဒီဆိုလာလေယာဉ်ရဲ့ ၇ ဆင့်မြောက်ခရီးစဉ်ဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်တစီးအတွက် မှတ်တမ်းတင် အဝေးဆုံးခရီးစဉ်လည်းဖြစ်လာမှာပါ။ solar_impulse__in__3323982bဒီလေယာဉ်ကို ၁၂ နှစ်ကြာ ဒီဇိုင်းထုတ် တည်ဆောက်ခဲ့တာပါ။ ပထမတစီးဖြစ်တဲ့ Solar Impulse 1 ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့ချိန်တုန်းက ပျံသန်းနိုင်တဲ့ အကွာအဝေးအရရော၊ အမြင့်အရပါ ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့တဲ့  လူလိုက်ပါစီးနင်းနိုင်တဲ့ ပထမဆုံးနေရောင်ခြည် စွမ်းအင်သုံးလေယာဉ်ဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up