Home
မြန်မာသတင်း
ရန်ကုန်-ပြင်ဦးလွင် ခရီးသည်တင်ကား တိမ်းမှောက်၊ ၅ ဦးသေဆုံး
DVB
·
May 31, 2015
ရန်ကုန်-ပြင်ဦးလွင် ပြေးဆွဲနေတဲ့ Elite Express ကားတစီး ဒီကနေ့ မနက် ၃ နာရီလောက်က မန္တလေးတိုင်း တံတားဦးအဝိုင်း မိုင်တိုင်အမှတ် (၃၅၇) မှာ တိမ်းမှောက်ခဲ့ပါတယ်။ ဒီတိမ်းမှောက်ကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုသမီး ၄ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူတွေကို အနှိုင်းမဲ့လူမှုကူညီရေး အသင်းနဲ့ စေတနာရှင် လူမှုကူညီရေးအသင်းတွေက မန္တလေးနဲ့ တံတားဦး ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒီကားပေါ်မှာ စုစုပေါင်းခရီးသည် ၃၅ ဦး လိုက်ပါလာခဲ့ပြီး ယာဉ်မောင်း ၂ ဦးကတော့ တံတားဦး အဝေးပြေး ရဲစခန်းမှာ အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - Doe Gyi facebook [gallery ids="95265,95266,95267,95268,95269,95270,95271,95272,95273,95274,95275,95276"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024