A d v e r t i s e m e n t With Us

ဝှိုက်ကတ် လာအပ်သူ ၄ သိန်းကျော်ရှိဟု ၀န်ကြီးဦးခင်ရီ ပြော

နိုင်ငံတွင်း ၀ှိုက်ကတ်ကိုင်ဆောင်ထားသူတွေ ဒီနေ့ နောက်ဆုံးထား အပ်နှံရမယ့်နေ့မှာ ကတ်ကိုင်ထားသူ ၆ သိန်းကျော်ရှိတဲ့အနက် ၄ သိန်းကျော် လာရောက်အပ်နှံခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက မေ ၂၉ ရက်မှာ မီဒီယာကို ပြောပါတယ်။ ယာယီနိုင်ငံသားလက်မျတ် ၀ှိုက်ကတ်လာရောက်အပ်နှံသူတွေကို တနိုင်ငံလုံးသွားလာနိုင်တဲ့ အစိမ်းရောင်ကတ်ထုတ်ပေးမှာဖြစ်ပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ [caption id="attachment_49458" align="alignright" width="368"]UKhinYe ဦးခင်ရီ[/caption] ၀ှိုက်ကတ် မအပ်ဘဲ ဆက်လက်ကိုင်ဆောင် ထားသူတွေကို ဘယ်လိုကိုင်တွယ် လုပ်ဆောင်မယ်ဆိုတာတော့ ရှင်ရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် ရှေ့လကစပြီး လ၀က က ထုတ်ပေးမယ့် အစိမ်းရောင်ကတ်ကိုင်ထားသူတွေ မဲပေးခွင့် ရှိ မရှိဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ၀ှိုက်ကတ်ကိုင်ထားသူအများစုဟာ ရခိုင်ပြည်နယ်ထဲက ဘဂါင်္လီတွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up