A d v e r t i s e m e n t With Us

အက်ဖ်အေဖလား အာဆင်နယ် ဗိုလ်စွဲ

မေ ၃၀ ရက်နေ့က ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်က အက်စတွန်ဗီလာကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ လက်ရှိ ချန်ပီယံ အာဆင်နယ်ကပဲ တပွဲလုံးကို ထိန်းချုပ် ကစားသွားပြီး အနိုင်ဂိုးတွေကို ပထမပိုင်းမှာတင် ၀ါးကော့နဲ့ ဆန်းချက်ဇ်တို့က သွင်းယူ ပေးပါတယ်။ နောက်ဆုံး ၂ ဂိုးကို မာတီဆပ်ကာနဲ့ ဂျီရှုတို့က သွင်းယူပြီး လက်ရှိ ချန်ပီယံ သရဖူကို ကာကွယ်နိုင်ခဲ့ပါတယ်။ အက်ဖ်အေဖလား ချန်ပီယံဆုကို အာဆင်နယ်က  စံချိန်တင် ၁၂ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား သမိုင်းမှာ အာဆင်နယ်က အအောင်မြင်ဆုံး အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up