မြန်မာ အမေရိကန် ယူ ၂၀ ပထမပိုင်း သရေကျ

ဓာတ်ပုံ (မြန်မာ ဘောလုံးအဖွဲ့ချုပ် ဖေ့ဘွတ်ခ်)
မေ ၃၀ မြန်မာ အမေရိကန် ယူ ၂၀ ပွဲမှာ မြန်မာ အသင်းက အနီရောင် ဂျာစီကို ၀တ်ဆင်ကစားသလို အမေရိကန် အသင်းကတော့ အဖြူရောင် ဂျာစီကို ၀တ်ဆင်ယှဉ်ပြိုင်ပါတယ်။ ပွဲမစမီ နိုင်ငံတော် သီချင်းသီဆိုစဉ်မှာတော့ မျက်ရည်ဝိုင်းပြီး နိုင်ငံတော် သီချင်းကို သီဆိုနေတဲ့ မြန်မာ ပရိသတ်တချို့ကို တွေ့ခဲ့ရပါတယ်။ ပွဲစစချင်းမှာပဲ အမေရိကန် အသင်း လူပေးမှားပြီး မြန်မာ အသင်းက ဘောလုံး ရရှိသွားပေမယ့် ဂိုး အဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။ ၅ မိနစ်မှာ မြန်မာအသင်းက အမေရိကန် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီနောက်မှာ အမေရိကန် ဂိုးဧရိယာ အစပ်မှာ မြန်မာ အသင်း ပြစ်ဒဏ်ဘော ထပ်မံ ရရှိခဲ့တာကို နန္ဒကျော် ကန်သွင်းခဲ့ပေမယ့် ဂထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၈ မိနစ်မှာ မြန်မာ အသင်းက ပထမဆုံး ထောင့်ကန်ဘော ရရှိပြီး ကွင်းလယ်သမား ရန်နိုင်ဦးက ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အမေရိကန် အသင်းက ဖိကစားခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာ မြန်မာ အသင်း ဂိုးဧရိယာ ပြင်ပမှာ ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ မြန်မာအသင်းက တန်ပြန်တိုက်စစ်နဲ့ ထိုးစစ်ဆင်ကစားခဲ့ပေမယ့် ဂိုး အဖြစ်ပြောင်းလဲ နိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲချိန် ၁၆ မိနစ်မှာ အမေရိကန် အသင်းက ရရှိတဲ့ ထောင့်ကန်ဘောကနေ တဆင့် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီအတွက် ၁ ဂိုးစီသရေကျခဲ့ပါတယ်။ ပွဲချိန် ၁၉ မိနစ် မြန်မာ တိုက်စစ်မှူး အောင်သူကို ဖျက်ထုတ်တာ ကြမ်းတဲ့ အတွက် အမေရိကန် ဂိုးဧရိယာ အပြင်ဘက်မှာ ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာ အသင်းက ဘောလုံးပိုင်ဆိုင်မှုကို အသာစီးရယူထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၈ မိနစ်မှာ မြန်မာ အသင်းခေါင်းဆောင် နန္ဒကျော် ဂိုးဧရိယာ အစပ်မှာ အမေရိကန် ကစား သမားကို ဖျက်ထုတ်တာ ကြမ်းတဲ့ အတွက် အ၀ါကဒ်ပြခံခဲ့ရပါတယ်။ ဒါပေမယ့် မြန်မာ ဂိုး သမား မျိုးမင်းလတ် သေသေသပ်သပ်နဲ့ ဖမ်းယူသွားခဲ့ပါတယ်။ အမေရိကန် အသင်းက အရပ်အမောင်းသာတာကို အသားစီးရယူပြီး အဝေးဘောတွေကို အဓိကထား ကစားသလို မြန်မာ အသင်းကတော့ အနီးပေးကို အားထား ကစားခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ မြန်မာ အသင်း ဂိုးဧရိယာ အစပ်မှာ အမေရိကန် အသင်း ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ဒါပေမယ့် ဂိုးအဖြစ် ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီနောက်မှာတော့ အမေရိကန် အသင်းက ဘောလုံး ပိုင်ဆိုင်မှုကို အသာစီးရယူနိုင်ပြီး ထိုးဖောက်ကစားခဲ့ပါတယ်။ အမေရိကန် အသင်းက ဂိုးရှေ့ကို တင်ပေးလိုက်တဲ့ ဘောလုံးကို မြန်မာ ဂိုးသမား မျိုးမင်းလတ် လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ မြန်မာ အသင်းက ဂိုးသမားနဲ့ ကစားသမား သီဟထက်အောင်တို့ တိုက်မိပြီး သီဟထက်အောင် မျက်နှာမှာ ပေါက်ပြဲ ဒဏ်ရာရသွားပါတယ်။ ပွဲချိန် ၄၁ မိနစ်မှာတော့ အမေရိကန် အသင်း ထောင့်ကန်ဘောကနေတဆင့် မြန်မာ ဂိုးပေါက်ကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ် မြန်မာ ဂိုးသမားနေရာယူမှန်ခဲပါတယ်။ ဒီနောက်မှာတော့ တဖက်တဖက်ဘယ်သူမှ ဂိုးမသွင်းနိုင်တော့ပဲ ပထမပိုင်း ပြီးဆုံးသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up