ယူ ၂၀ နယူးဇီလန်-ယူကရိန်း သရေကျ

ဓာတ်ပုံ(Sport.co.nz)
967
မြန်မာ ယူ ၂၀ အသင်းနဲ့ တအုပ်စုတည်းကျနေတဲ့ နယူးဇီလန်နဲ့ ယူကရိန်းအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရမှာ ဂိုးမရှိ သရေကျသွားပါတယ်။
အိမ်ရှင် ပရိသတ် ၂ သောင်းခွဲကျော် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲမှာ ပထမပိုင်းတခုလုံးကို ယူကရိန်း အသင်းက ထိန်းချုပ်ကစားခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ဖီဖာ သတင်းမှာ ရေးပါတယ်။
ယူကရိန်းက အခွင့်ရေးကို အပြည့်အ၀ အသုံးမချနိုင်ခဲ့သလို နယူးဇီလန်ကလည်း အခွင့်အရေး တချိုကရရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဖွင့်ကစားခဲ့တဲ့ အတွက် ပွဲကပိုမိုမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂ ဖက်စလုံး ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် သရေကျသွားပြီး တမှတ်စီ ရယူသွားခဲ့ပါတယ်။
ဒုတိယပွဲအဖြစ် နယူးဇီလန်က အမေရိကန်နဲ့ ကစားမှာ ဖြစ်ပြီး ယူကရိန်းကတော့ မြန်မာနဲ့ ကစားမှာ ဖြစ်ပါတယ်။