A d v e r t i s e m e n t With Us

အခွင့် အရေး ဆတူရှိဟု မြန်မာ ယူ ၂၀ နည်းပြပြော

ဓာတ်ပုံ (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖေ့ဘွတ်ခ်)
မေ ၃၀ ရက် ကစားမယ့် မြန်မာ အမေရိကန်ပွဲစဉ်တွင် ၂ သင်းစလုံးအတွက် ဆတူ အခွင့်အရေး ရှိတယ်လို့ မြန်မာ ယူ-၂၀ အသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက ပြောဆိုလိုက်ပါတယ်။ "အမေရိကန် အသင်းမှာ ပရိုကစားသမားတွေ အများကြီးပါတယ် ဆိုတာ သိထားပါတယ်။ ဒါပေမဲ့ မြန်မာအသင်း အနေနဲ့ ကြောက်နေမှာတော့ မဟုတ်ဘူး။ သူတို့ကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာကို သေချာ ပြင်ဆင် ထားတယ်။ ၂ သင်းလုံးက မကစားရသေးတဲ့အတွက် ၅၀% စီ အခွင့်အရေး ရှိပါတယ်" ဟု မစ္စတာဂတ်က ပြောဆိုခဲ့တဲ့ အကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မြန်မာ အသင်းခေါင်းဆောင် နန္ဒကျော်ကလည်း အသင်းကို အားပေးတဲ့ အတွက် ကျေးဇူးတင်သလို အကောင်းဆုံးကြိုးစားနေပြီး မျှော်လင့်ထားသလို ဖြစ်မလာရင် နားလည်ပေးဖို့ ပြောဆိုပါတယ်။ နယူးဇီလန်မှာ ကျင်းပနေတဲ့ ယူ ၂၀ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ ပထမဆုံး ပွဲစဉ်အဖြစ် မေ ၃၀ ရက်မှာ အမေရိကန်၊ ဇွန် ၂ ရက်မှာ ယူကရိန်း၊ ဇွန် ၅ ရက်မှာ နယူးဇီလန်အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up