ဘလတ္တာ ဖီဖာ ဥက္ကဋ္ဌ ပြန်အရွေးခံရ

ဓာတ်ပုံ (ရိုက်တာ)
847
ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ရာထူး အတွက် လက်ရှိ ဥက္ကဋ္ဌ ဘလတ္တာ ပြန်လည် ရွေးချယ်ခံရပါတယ်။
မေလ၂၉ ရက် ဆွစ်ဇလန်နိုင်ငံဇူးရစ်မြို့မှာ ကျင်းပတဲ့ ၆၅ ကြိမ်မြောက် ဖီဖာ ကွန်ကရက်မှာ အဖွဲ့ဝင်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အဖွဲ့ဝင် ၂၀၉ ဦးက မဲပေးခဲ့ရာမှာ ဘလတ္တာက ၁၃၃ မဲ၊ ပြိုင်ဘက် ဂျော်ဒန် မင်းသား အလီ ဟူစိန်က ၇၃ မဲ ရခဲ့ပါတယ်။
အပြတ်အနိုင်ရဖို့ လိုအပ်တဲ့ မဲ ၁၄၀ မရလို့ ဒုတိယအကျော့ မဲထပ်ပေးရမှာ ဖြစ်ပေမယ့် ဂျော်ဒန် မင်းသားက ဆက်မပြိုင်တော့လို့ ဘလတ္တာက အနိုင်ရသွားတာ ဖြစ်ပါတယ်။
ဖီဖာ အဖွဲ့အတွင်း အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် အကြီးအကဲ ၇ ဦးကို ရဲက ဖမ်းဆီးထားပေမယ့် သူက ဆက်လက် အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။
အရွေးချယ်ခံရပြီး ဖီဖာကို သန့်ရှင်းအောင် လုပ်ဆောင်သွားမယ်လို့ ဘလတ္တာက ပြောဆိုခဲ့ပါတယ်။