အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးပြန်အသက်သွင်းရန် ကြိုးစားမည်ဟု ပြင်သစ်ပြော

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
အစ္စရေးနဲ ပါလက်စတိုင်းတို့ကြားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က မေ ၂၈ ရက်နေ့က ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို နှစ်ဖက်စလုံးက လက်ခံအောင် စည်းရုံးသွားမယ်လို့လည်း ပြောပါတယ်။ “two-state solution လို့ ခေါ်တဲ့ နှစ်နိုင်ငံတည်ရှိရေး လမ်းစဉ်ကို ပြင်သစ်က ထောက်ခံတယ်။ အစ္စရေးရဲ့လုံခြုံရေးဟာ အရေးကြီးသလို၊ ပါလက်စတိုင်းအတွက် တရားမျှတမှုမရှိရင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတာ မရှိနိုင်ဘူး။ ပွင့်ပွင့်လင်းလင်းပဲ ပြောရရင် လောလောဆယ်မှာ ပါလက်စတိုင်းအတွက် တရားမျတမှု မရသေးပါဘူး” လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီကိစ္စတွေကို ညှိနှိုင်းဖို့အတွက် ဒီလမကုန်ခင်နဲ့ ဇွန်လထဲမှာ အစ္စရေး၊ ပါလက်စတိုင်းနဲ့ အီဂျစ်တို့ကို သွားဖို့ရှိတယ်လို့ ပြောပါတယ်။ ပြင်သစ်ဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းကို အာရတ်နိုင်ငံတွေကို ပေးအပ်ထားပါတယ်။ အဲဒီမူကြမ်းထဲမှာ  အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြားမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အချိန်ဇယားနဲ့ အသေးစိတ် အချက်အလက်တွေ  ပါဝင်တယ်လို့ ပြင်သစ် သံတမန်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up