ပရီးမီးယားလိဂ်အသင်းများ၏ အ၀တ်လဲခန်း ညံ့ဖျင်းဟု မန်ယူနည်းပြပြော

မန်ယူနည်းပြ
1.2K
ပရီးမီးယားလိဂ် ကလပ်အသင်းတော်တော်များများရဲ့ အဝတ်လဲခန်းတွေဟာ ညံ့ဖျင်းပြီး အ၀တ်လဲရတာ အဆင်မပြေကြောင်း မန်ယူနည်းပြ ဗန်ဂါးလ်က အင်္ဂလန်ရဲ့ ပထမဆုံး ဘောလုံးရာသီ ဖြတ်သန်းမှုအပြီး အမ်ယူတီဗွီနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ကွင်းတော်တော်များများရဲ့ ကစားသမားအ၀တ်လဲခန်းတွေဟာ ညံ့ပြီး အဝတ်လဲရတာ အဆင်မပြေတာတွေ ရှိသလို သူ့အနေနဲ့လည်း နေစရာမရှိလို့ အိမ်သာမတက်ချင်ဘဲ အိမ်သာထဲ ဝင်ထိုင်နေရတာ အကြိမ်တော်တော်များများ ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။
အင်္ဂလန်က ဘောလုံးပရိသတ်တွေရဲ့ အားပေးတာကိုတော့ အထူးတလည် အားရမိကြောင်းနဲ့ ဘောလုံးက အင်္ဂလန်က လူတွေရဲ့ စိတ်ကို လွှမ်းမိုးထားနိုင်ပုံကတော့ မယုံနိုင်စရာပါပဲလို့ ပြောပါတယ်။