လူသတ်ဝရမ်းပြေး အမေရိကန်ရဲတပ်ဖွဲ့ဝင်ဟောင်းကို ဖမ်းမိ

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့မှာ လူသတ်မှုနဲ့ ထွက်ပြေးနေတဲ့ အမေရိကန်ရဲတပ်ဖွဲ့ဝင်ဟောင်း ဟင်နရီ ဆိုလစ် (Henry Solis) ကို မက္ကဆီကိုနိုင်ငံမြောက်ပိုင်းမှာ မေ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အသက် ၂၇ အရွယ် အမေရိကန်ရဲတပ်ဖွဲ့ဝင်ဟောင်းဟာ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့က  ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက ညကလပ်တခုမှာ လူတယောက်ကို ပစ်သတ်ခဲ့ပြီး မက္ကဆီကိုနိုင်ငံထဲ ၀င်ရောက်တိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံ ပြည်နယ်အစိုးရရှေ့နေက အမေရိကန်ဗဟိုထောက်လှမ်းရေးက လူသတ်မှုနဲ့ အလိုရှိနေတဲ့ သူ့ကို အမေရိကန်အာဏာပိုင်တွေနဲ့ မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးရမိခဲ့ပြီး ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဌာန (အက်ဖ်ဘီအိုင်) ကို လွှဲပြောင်း ပေးအပ်လိုက်ပြီးလို့ သတင်းထောက်တွေကို ပြောပြခဲ့တာပါ။ တာဝန်ပြင်ပချိန်မှာ ပစ်သတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သိသိချင်းမှာပဲ တာဝန်က ရပ်ဆိုင်းခဲ့ပါတယ်။ သားဖြစ်သူ ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် ဖခင်ဖြစ်သူကိုလည်း အက်ဖ်ဘီအိုင်အဖွဲ့ကို လိမ်ညာမှုနဲ့ ပြီးခဲ့တဲ့မတ်လမှာပဲ ဖမ်းဆီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up