ဘယ်အသင်းတွေ အုပ်စုက တက်မလဲ…
နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို မေလ ၃၀ ရက်နေ့ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ ၂၀ အသင်းဟာ အုပ်စု (က) မှာ အမေရိကန်၊ ယူကရိန်း၊ အိမ်ရှင် နယူးဇီလန်အသင်းတို့နဲ့ ကျရောက်ပါတယ်။ မြန်မာအသင်းဟာ ပထမဆုံး ပွဲစဉ်အဖြစ် မေ ၃၀ ရက်မှာ အမေရိကန်၊ ဇွန် ၂ ရက်မှာ ယူကရိန်း၊ ဇွန် ၅ ရက်မှာ နယူးဇီလန်အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။
မြန်မာ၊ အမေရိကန်၊ ယူကရိန်းနဲ့ အိမ်ရှင်နယူးဇီလန် အသင်းတွေထဲက ဘယ်အသင်းတွေ အုပ်စုအဆင့်က တက်မလဲဆိုတာ Vote မှာ ရွေးချယ်နိုင်ပါတယ်။
[yop_poll id="33"]