နာဂစ်မုန်တိုင်းဘေးကယ်ဆယ်ခဲ့သည့် နိုက်တင်ဂေးဆုရှင်ကို ဂုဏ်ပြု
DVB
·
May 27, 2015
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ပေးအပ်ချီးမြှင့်တဲ့ ၄၅ ကြိမ်မြောက် ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ ဦးစနိုင်နိုင်ထွန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) မှာ ဒီကနေ့ ဂုဏ်ပြုပွဲကျင်းပပါတယ်။
၂၀၀၈ နာဂစ်မုန်တိုင်းကာလက ဧရာဝတီတိုင်း ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမှာ မုန်တိုင်းဘေးဒဏ်ခံရသူတွေကို သူနာပြု ဦးစနိုင်နိုင်ထွန်းက သက်စွန့်ကြိုးပမ်း ကူညီကယ်ဆယ်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ဟာ ဖလောရင့်နိုက်တင်ဂေးဆုကို ၄ နှစ် ၁ ကြိမ်ပေး အပ်ချီးမြှင့်တာ ဖြစ်ပြီး အခု ၄၅ ကြိမ်မြောက် ဆုကို မြန်မာနိုင်ငံမှ ဦးစနိုင်နိုင်ထွန်း အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သူနာပြု ၃၆ ယောက် ရရှိခဲ့ကြတာပါ။
မြန်မာပြည်က ဒီဆုကိုရရှိတာ ဦးစနိုင်နိုင်ထွန်းက ၄ ယောက်မြောက်ဖြစ်ပြီး၊ ၁၉၆၃ ခုနှစ်က သူနာပြုဆရာမကြီး ဗိုလ်မှူး ဒေါ်ခင်အုန်းမြ၊ ၁၉၉၃ ခုနှစ်မှာ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယော်နမ်၊၂၀၀၁ ခုနှစ်မှာ သားဖွားဆရာမ ဒေါ်သိန်းရီတို့က အသီးသီး ရရှိခဲ့ကြပါတယ်။
[gallery ids="94769,94770,94771,94772,94773,94827,94828,94829"]