Home
သတင်းတို
ကိုးကန့်တိုက်ပွဲ မြ၀တီရုပ်သံတွင်ပြမည်
DVB
·
May 27, 2015
ကိုးကန့်တိုက်ပွဲဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်ကို စစ်တပ်ပိုင်မြ၀တီရုပ်မြင်သံကြားဌာနက မေလ ၂၇ ရက် နေ့ကစပြီး နေ့တိုင်းထုတ်လွှင့်မယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံအရှေမြောက်ပိုင်း၊ လောက်ကိုင်ဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဦးဖုန်ကြားရှင်ခေါင်ဆောင်တဲ့ MNDAA သောင်းကျန်းသူများက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ရန် ကြိုးပမ်းဆောင်ရွက်လာမှုကို တပ်မတော်က တန်ပြန်တိုက်ခိုက်ချေမှုန်းမှု ဖြစ်ရန်မှန်မှတ်တမ်းအား မြ၀တီရုပ်သံချန်နယ် ၃ ခုက ဒီနေ့ည ၈ နာရီသတင်းအပြီး နေ့တိုင်း အပိုင်းလိုက်ထုတ်လွှင့်ပေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ ၉ ရက်ကစလို့  အစိုးရတပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ၃ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024