အာဖဂန်နစ္စတန် ဘော်ဒါဆောင်တခု တာလီဘန်များ ၀င်စီး



773
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာမြို့က ဘော်ဒါဆောင်တခုကို တာလီဘန်တွေက ၀င်ရောက် စီးနင်းခဲ့တဲ့အတွက် အာဖဂန်အစိုးရ လုံခြုံရေးတပ်ဖွဲ့နဲ့ မေ ၂၆ ရက်ေ်န့မှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
အသေအပျောက်စာရင်းတော့ မသိရသေးပါဘူး။
မေ ၂၅ ရက်နေ့တုန်းကလည်း ကန်ဒါဟာမြို့နားက ဇာဘူးမြို့မှာ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ထားတဲ့ ကုန်ကားတစီးနဲ့ အသေခံ ဗုံးခွဲမှုဖြစ်ခဲ့ပြီး လူအယောက် ၇၀ လောက် ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပြီး တာလီဘန်အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာပါတယ်။
အခု တိုက်ခိုက်မှုတွေဟာ နိုင်ငံခြား တပ်တွေ အများစု အာဖဂန်ကနေ ပြန်ရုပ်သွားတဲ့နောက်ပိုင်းမှာ ဆက်တိုက် အရှိန်မြှင့်လာတဲ့ တာလီဘန်တွေရဲ့ နောက်ဆုံး ထိုးနှက်ချက်တွေ ဖြစ်ပါတယ်။
[gallery ids="94751,94752,94753"]