A d v e r t i s e m e n t With Us

ရှောကဲအသင်းနည်းပြ ရာထူးက နုတ်ထွက်

ဂျာမန်ဘွန်ဒတ်စ်လီဂါကလပ် ရှောကဲအသင်းနည်းပြ ရိုဘာတို ဒီမတ်တီယိုဟာ နည်းပြအဖြစ်ကနေ နုတ်ထွက်လိုက်ပါတယ်။ အသက် ၄၄ နှစ်အရွယ် နည်းပြ ဒီမတ်တီယိုဟာ ရှောကဲကို ၂၀၁၄ အောက်တိုဘာလမှာ စတင်တာဝန်ယူခဲ့ပြီး နည်းပြသက် ၇ လခွဲအကြာမှာ နုတ်ထွက်သွားတာပါ။ ရှောကဲဟာ ဒီနှစ် ဘွန်ဒတ်စ်လီဂါ ရာသီမှာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးကစားတဲ့ ၁၀ ပွဲမှာ ၂ ပွဲပဲ အနိုင်ရထားပါတယ်။ ဒါ့အပြင် ရာသီအကုန်မှာ အဆင့် ၆ နေရာပဲ ရလို့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရှောကဲဟာ ယူရိုပါလိဂ် ၀င်ခွင့်တော့ ရထားပါတယ်။ နည်းပြ ဒီ မတ်တီရိုဟာ ချဲလ်ဆီးမှာလည်း ၂၀၁၂က နည်းပြလုပ်ခဲ့ဖူးပြီး အဲဒီနှစ်မှာပဲ ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up