A d v e r t i s e m e n t With Us

ဂျာမန်ဖလား ဗိုလ်လုပွဲ ဂိုးစည်းလိုင်း နည်းပညာ သုံးမည်

ဓာတ်ပုံ (ရိုက်တာ)
မေ ၃၀ ရက်မှာ ယှဉ်ပြိုင်မယ့် ဂျာမန်ဖလား ဗိုလ်လုပွဲမှာ ဂိုးစည်းလိုင်း နည်းပညာကို ပထမဆုံး အသုံးပြုသွားမယ်လို့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ ဂျာမန်လိဂ်ဘောလုံးပြိုင်ပွဲတွေမှာ ဂိုးစည်းလိုင်း နည်းပညာကို အသုံးပြုနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဘွန်ဒတ်စ်လီဂါကလပ်တွေ အများစုက မဲပေး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဂျာမန်ဖလား ဗိုလ်လုပွဲကို မေ ၃၀ ရက်မှာ ဘာလင်မှာရှိတဲ့ အိုလံပစ် ဘောလုံးကွင်းမှာ ဒေါ့မန်နဲ့ ၀ု့စ်ဘာ့အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။ ဘောလုံးကွင်းထဲမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကနေတဆင့် ဗြိတိသျှလုပ် သိန်းဌက်မျက်လုံးစနစ်နဲ့ ပြုလုပ်ထားတဲ့ ဂိုးစည်းလိုင်း နည်းပညာကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဂျာမန်ဘောလုံးအသင်းများရဲ့ဒိုင်ချုပ်ကလည်း ဂိုးစည်းလိုင်း နည်းပညာ အသုံးပြုနိုင်တဲ့အပေါ် ချီးကျုး ပြောဆိုထားပါတယ်။ အခု အသုံးပြုမယ့် ဂိုးစည်းလိုင်း နည်းပညာကို အင်္ဂလိဂ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသုံးပြုနေသလို ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသုံးပြုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up