ကိုလံဘီယာနိုင်ငံမှာ အရင်တပတ်က မြေပြိုမှုကြောင့် ဒုက္ခရောက်သွားတဲ့ ရွာသားတွေက အစိုးရအထောက်အပံ့နဲ့ အိမ်အသစ်တွေ ပြန်ရဖို့ မျော်လင့်နေကြပါတယ်။

အရင်တပတ်က မိုးသည်းထန်ပြီး ရွှံ့မြေတွေ ပြိုကျမှုကြောင့် ဆယ်ဂါ နယ်မြေမှာ လူ ၉၂ ယောက် သေဆုံးပြီး လူဦးရေ ၁၀၀ ကျော် အိုးအိမ်မဲ့နေပါတယ်။
ဒေသခံ တယောက်က သူ့အိမ်လုံးဝ ပျက်စီးခဲ့ပြီး သူ့အစ်ကိုရဲ့ အကူအညီနဲ့ ပြန်ဆောက်ထားတယ်လို့ ပြောပါတယ်။
အစိုးရက ပေးထားတဲ့ ကတိအတိုင်းပဲ အိမ်တွေ အခမဲ့ ပြန်ဆောက်ပေးမယ်။ အထောက်အပံ့တွေ ပေးမယ်လို့ မျှော်လင့်နေတယ်လို့လည်း ပြောပါတယ်။
သမ္မတ ဂျူအန် မန်နူရယ် ဆန်တိုက မြေပြိုမှုဖြစ်တဲ့ ဆယ်ဂါနယ်မြေကို ကွင်းဆင်းကြည့်ရှု့တဲ့အချိန်က ပြိုသွားတဲ့ အိမ်တွေကို အခမဲ့ ပြန်ဆောက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
ပြိုသွားတဲ့ အိမ်ခြေ ၁၂၆ လုံးနဲ့ စိုးရိမ်စရာကောင်းတဲ့ တခြားအိမ်တွေကိုလည်း ပြန်ဆောက်ပေး အစိုးရက စီစဉ်နေပါတယ်။
ကိုလံဘီယာမှာ အခုတခေါက် မြေပြိုမှုဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း အဆိုးဆုံး ဖြစ်ပါတယ်။