ဟူသီသူပုန်တပ်စခန်းကို ဆော်ဒီညွှန့်ပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်

ယီမင်နိုင်ငံမှာ ရှီးယားမွတ်စလင် ဟူသီသူပုန်တွေရဲ့ စခန်းတွေကို ဆော်ဒီ ခေါင်းဆောင်တဲ့ ညွန်ပေါင်းတပ်ဖွဲ့က လေကြောင်း ထိုးစစ်ဆင်နေပါတယ်။ မေ ၂၃ ရက်နေ့က ဟူသီသူပုန်တွေ ခြေကုတ်ယူထားတဲ့ ဆာနာမြို့တော်တ၀ိုက်နဲ့ သမ္မတအိမ်တော်ကို တိုက်ခိုက်ခဲ့သလို တောင်ပိုင်းမြို့ငယ်တွေက ဟူသီအဖွဲ့ရဲ့ စခန်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ တရက်တည်းမှာပဲ တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်တဲ့ အေဒင်မြို့ စစ်ဆင်ရေးကိုလည်း ပြန်စလိုက်ပြီး တိုက်ပွဲ အကျအဆုံး စာရင်းကိုတော့ မသိနိုင်သေးပါဘူး။ ဒီအတောအတွင်း သမ္မတဟောင်း  အလီ အပ်ဗဒူလာ ဆာလေးကို  သစ္စာခံတဲ့ လက်နက်ကိုင်တွေနဲ့ လက်ရှိ သမ္မတ ဟာဒီကို ထောက်ခံတဲ့ တပ်တွေ တောင်ပိုင်းက ထိုက်စ်မြို့မှာ တိုက်ပွဲ ဖြစ်နေပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေကြပြီး ၁၁ ယောက် သေဆုံးပြီး  ၉ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

//
More News
Up