A d v e r t i s e m e n t With Us

တရားမ၀င်ငွေကြေးလက်ခံမှုအတွက် အစ္စရေးဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၈ လ ချမှတ်

အဂတိ လိုက်စားမှုနဲ့ ထောင်ဒဏ် ၆ နှစ်ကျခံနေရတဲ့ အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ် အိုမတ်ကို တခြား အမှုတခုမှာလည်း အပြစ်ထင်ရှားတဲ့အတွက် နောက်ထပ် ၈ လ ထောင်ဒဏ် ချမှတ်လိုက်ပါတယ် မေ ၂၅ ရက်နေ့က အပြစ်ဒဏ်ချလိုက်တဲ့ အမှုကတော့ အမေရိကန် စီးပွားရေး သမားတယောက်ဆီကနေ တရားမ၀င်ငွေကြေး လက်ခံခဲ့တဲ့ အမှု ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း အိုမတ်ဟာ အစ္စရေးကို ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်အထိ ဦးဆောင်ခဲ့သူဖြစ်ပြီး လာဘ်ငွေ ဒေါ်လာ ၁ သိန်း ၆ သောင်းကို လက်ခံခဲ့တဲ့ အမှုအတွက် မနှစ် မေလတုန်းက ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ အဲဒီအမှုအတွက် သူက တရားရုံးချုပ်မှာ အယူခံဝင်ထားပြီး သူရဲ့ ရှေ့နေကတော့ အခု ဆုံးဖြတ်ချက်ကိုလည်း တရားရုံးချုပ်က ပြောင်းလဲပေးလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ အိုမတ်ဟာ ၀န်ကြီးချုပ်ဘ၀မှာ လာဘ်ပေးလာဘ်ယူမှု ပြဿနာ   ပေါ်ပေါက်တဲ့အတွက်  ၂၀၀၈ ခုနှစ်က ရာထူးကနေ နုတ်ထွက်ခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်က ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဟာ လမ်းခုလတ်မှာ အခက်ကြုံခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပြီးနောက် အစ္စရေး အစိုးရသစ် ပေါ်လာခဲ့ပါတယ်။ အခု စွပ်စွဲခံရတဲ့ အမှု ၂ ခုစလုံးအတွက် အိုမတ်ကတော့ ၀န်မခံပါဘူး။ အယူခံသွားမယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up