တူနီးရှားတွင် စစ်သားတဦး လုပ်ဖော်ကိုင်ဖက်များကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

922
တူနီးရှားနိုင်ငံ တူးနစ်မှာရှိတဲ့ ဘိုချိုချာ စစ်စခန်းမှာ စစ်သားတယောက်ဟာ မေ ၂၅ ရက် နေ့က လုပ်ဖော်ကိုင်ဖက် စစ်သားတွေကို ပစ်သတ်ပြီး သူ့ကိုယ်သူလည်း သတ်သေသွားပါတယ်။
အရာရှိတယောက်နဲ့ တခြားအဆင့် ၂ ယောက် သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူ ၁၅ ယောက်ရှိတယ်လို့ တူနီးရှားအာဏာပိုင်တွေက ပြောပါတယ်။
[caption id="attachment_94672" align="alignright" width="460"]
ဓာတ်ပုံ - ရိုက်တာ[/caption]
ခုလို ပစ်ခတ်ရတဲ့အထိ ဖြစ်လာရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ မတ်လတုန်းက ဘာဒို အမျိုးသားပြတိုက်ကို အစ္စလာမ်မ္မစ် သေနတ်သမားတွေ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် မြို့တော်ဟာ အန္တရာယ်ရှိနေဆဲ အခြေအနေလို့ အချက်ပေးတပ်လှန့်လိုက်သလို ရှိနေပါတယ်။
စစ်ရဟတ်ယာဉ် ၂ စင်းကလည် ကောင်းကင်မှာ ပျံဝဲနေပြီး ရဲတပ်ဖွဲ့ကလဲ အနီးအနားရှိ ဗလီနဲ့ ဘာဒိုပြတိုက်နဲ့ စစ်စခန်းကြားက မိန်းလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ကားတွေကို ရှာဖွေနေပါတယ်။
ဒေသတွင်း ကျောင်းတကျောင်းကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ အဲဒီစစ်သားရဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေ သူ့ကို မပစ်ခင်မှာပဲ သူ့ကြောင့် စစ်သား ၃ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရသွားတယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန တီအေပီက ထုတ်ပြန်သွားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကြားမှာ စစ်တပ်ဗိုလ်မှူးကြီးတယောက်လည်း ပါဝင်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်က ဆိုပါတယ်။
တူနီးရှားတပ်ဖွဲ့ဟာ မတ်လကတည်းက အစ္စလာမ်မ္မစ် တိုက်ခိုက်ရေးသမားတွေကို နှိမ်နင်းရေး လုပ်ဆောင်နေကြတာပါ။
ပြီးခဲ့တဲ့ မတ်လတုန်းကတော့ တူနီးရှားမှာ ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ ဘာဒိုပြတိုက် တိုက်ခိုက်မှုမှာ သေနတ်သမား ၂ ယောက် ပစ်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသည် ၂၁ ယောက် သေဆုံးခဲ့ရပါတယ်။
