ချင်းပြည်နယ်ရှိ မိခင်နှင့်ကလေးငယ်များ အာဟာရချို့တဲ့မှုနှုန်း လျော့ချရန် ဆောင်ရွက်

ချင်းပြည်နယ်အတွင်းရှိ မိခင် နှင့် ကလေးငယ်များ အာဟာရချို့တဲ့မှုနှုန်း လျော့ကျစေရေး ပြည်နယ်အစိုးရ အဖွဲ့နှင့် ကမ္ဘာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက် တို့က ၂၀၁၆ ခုနှစ်မှ စတင်ပြီး ၂၀၂၁ ခုနှစ်အထိ ၅ နှစ် စီမံကိန်းရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်ရန် ရှိနေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာ ဘမောင် က
ပြောပါတယ်။
"အသေးစိတ်အချက်အလက်တွေ တော့ ရောက်မလာသေးပါဘူး။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်ဖို့တော့ ရှိနေပါတယ်"လို့ ချင်းပြည်နယ်အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာ ဘမောင် က ပြောပါတယ်။
ကမ္ဘာကုလသမဂ္ဂကလေးများ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် မေ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်အတွင်းရှိ ကလေးငယ်များအနက် ၆ ရာခိုင်နှုန်းသာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိကြတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် အာဟာရချို့တဲ့မှု အနေနဲ့
အလေးချိန် ပေါင်စံချိန်မပြည့်တဲ့ ကလေးငယ် ၃၁ ရာခိုင်နှုန်း၊ ပုညှပ်သူ ၅၈
ရာခိုင်နှုန်း၊ ပိန်လှီသူ ၉ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ငြိမ်းသူမိုး
[gallery ids="94664,94665,94666,94667"]