A d v e r t i s e m e n t With Us

အရေးပေါ်အခြေအနေ ကြေညာထားသည့် ပီရူးနိုင်ငံတွင် အာဏာဖီဆန်သူ ၁၃ ဦးကို ဖမ်းဆီး

ရက်ပေါင်း ၆၀ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ပီရူးနိုင်ငံ တောင်ပိုင်းဒေသမှာ  အာဏာဖီဆန်တဲ့ လူ ၁၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီး ဂျိုစီ လူးဝစ် ပီရက်ဇ်က ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ် ဂျော့စ်ဂီ ဖလော့ရစ်တို့ ကိုယ်တိုင် တောင်ပိုင်းဒေသကို သွားရောက်ပြီး အခြေအနေ တည်ငြိမ်အောင် ဆောင်ရွက်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်တွန်းပါတယ်။ a6e61fe7e0e4a8732315d83c903b19b80bc449c3_originalအေရီကွက်အ်ပါ ဒေသထဲက ကြေးနီမိုင်းကို ဒေသခံ လယ်သမားတွေက ကန့်ကွက်ရင်း ရဲနဲ့ ထိပ်တိုက်တွေ့ရာမှာ လူသေတဲ့အထိ ဖြစ်ခဲ့တာကြောင့် မေ ၂၃ ရက်နေ့က အရေးပေါ် အခြေအနေ ကြေညာလိုက်ရတာပါ။ ကျောင်းတွေကိုလည်း ပိတ်ထားပြီး အာဏာဖီဆန်တဲ့ လူတွေကို ဆက်ဖမ်းဦးမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ မေ ၂၂ ရက်နေ့က အသက် ၅၅ နှစ်အရွယ် ဆန္ဒပြသမား ရေမွန် ကိုးလ်ကွီ   ဦးခေါင်းခွံ ကွဲပြီး သေဆုံးသွားတဲ့ကိစ္စမှာ ရဲနဲ့ ပတ်သက်မှု မရှိဘူးလို့လည်း ပြောပါတယ်။ စစ်ဆေးကြည့်တဲ့အခါမှာ ကျည်ဆံထိပ်ဖူးဟာ ရဲတွေ အသုံးပြုတဲ့ ကျည်ဆန်မဟုတ်ဘူးလို့ ဆိုပါတယ်။ လူဦးရေ ၄ သောင်းနေထိုင်ရာ စပါး စိုက်ပျိုးရာ တမ်ဘို မြစ်ဝှမ်းဒေသမှာ ဆောက်သမ်း ကြေးနီသတ္တုကုမ္ပဏီက လုပ်ကိုင်နေတဲ့ စီမံကိန်းကို လယ်သမားတွေက ဆန္ဒပြနေတာ ၂ လ ရှိပါပြီ။ မေ ၂၂ ရက်ေ်န့က လူသေမှုဟာ ၄ ယောက်မြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အခုလို ထိပ်တိုက်တွေ့မှုမှာ လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။ မက္ကဆီကို လူမျိုးတယောက်ပိုင်တဲ့  သတ္တုတူးဖော်ရေးကုမ္ပဏီက လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ဆန္ဒပြပွဲကို နယ်မြေခံ ရွေးကောက်ခံ အရာရှိတွေက ဦးဆောင်ပါတယ်။ ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေ သောက်သုံးတဲ့ ရေမှာ အဆိပ်သင့်နိုင်တယ်ဆိုပြီး ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လေ့လာမှု အသစ် လုပ်ဖို့ တောင်းဆိုထားပြီး ကုမ္ပဏီကလည်း လုပ်ငန်းတွေကို ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်။ ပီရူးမှာ ၂၀၁၂ ခုနှစ်တုန်းကလည်း မြောက်ပိုင်းက ဂွန်ဂါ သတ္တုမိုင်းမှာ အခုလိုပဲ အကြမ်းဖက်မှုတွေကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့ရဖူးပါတယ်။ ပီရူးရဲ့ ပို့ကုန်မှာ တွင်းထွက်ပစ္စည်း တန်ဖိုးက ၆၂ ရာခိုင်နှုန်း ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up