A d v e r t i s e m e n t With Us

အမေရိကန်တွင် ရေနံယိုဖိတ်မှုကြောင့် ကုမ္ပဏီကို ပြည်သူတချို့ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ထဲက ဆန်တာဘာဘရာ ကမ်းခြေမှာ ရေနံယိုဖိတ်မှုကို ရှင်းလင်းနေတဲ့အချိန်မှာ ရေနံကုမ္ပဏီကိုလည်း တချို့က ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသမားတွေဟာ “ကလေးတွေအတွက် သန့်ရှင်းတဲ့ စွမ်းအင်မျိုး အလိုရှိတယ်၊ ညစ်ညမ်းတဲ့ ရေနံ အလိုမရှိ”  စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန်တာ ဘာဘရာမြို့တွင်းမှာ စီးတန်း လမ်းလျောက် ကြပါတယ်။ ဆန်တာ ဘာဘရာ ကမ်းခြေဒေသမှာ ရေနံ ဂါလံပေါင်း ၁ သိန်း ၅ ထောင်ကျော် (စည်ပေါင်း ၂၅၀၀) လောက် ယိုစိမ့်မှုဟာ  ၁၉၆၉ ခုနှစ်က ရေနံစည် ၁ သိန်းလောက် ယိုစိမ့်မှု ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နောက်ပိုင်း  သဘာဝပတ်ဝန်းကျင်ကို အဆိုးရွားဆုံး ထိခိုက်မှု ဖြစ်ပါတယ်။ ရေအောက် ပိုက်လိုင်းကနေ ပေါက်ထွက်လာတဲ့ ရေနံစိမ်းတွေဟာ ကမ်းခြေနှစ်ခုနဲ့ ပစိဖိတ်သမုဒ္ဒရာဘက်ကို ပြန့်ကျဲ ထွက်သွားခဲ့ပါတယ်။ ၅ ပုံ ၁ ပုံလောက်က သမုဒ္ဒရာဘက်ကို ရောက်သွားပြီး ကမ်းခြေတလျှောက် ၉ မိုင်လောက်  ရေနံဆီကွက်တွေနဲ့ ညစ်ညမ်းနေတာပါ။ တက္ကဆတ်မှာ အခြေစိုက်တဲ့ ရေနံ ကုမ္ပဏီ Plains All American Pipeline ရဲ့ အဆိုအရ ပိုက်လိုင်း ပေါက်ပြီး နာရီဝက်အကြာမှာပဲ သိရှိပြီး ပြင်ဆင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန် လုံခြုံရေးဌာန အရာရှိတွေကတော့ အခု  ဖြစ်သွားတဲ့ ကိစ္စမှာ ရေနံ ကုမ္ပဏီအနေနဲ့  ဖြစ်ရတဲ့ အကြောင်းကို  လေ့လာမှုတွေလုပ်၊   ပြင်ဆင်မှုတွေကိုရော သေချာ လုပ်ပြီးမှ  လုပ်ငန်းကို ပြန်လည် လုပ်ကိုင်ခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က ပြောထားပါတယ်။ လောလောဆယ်မှာတော့ ရှင်းလင်းရေး လုပ်ငန်းတွေကို အမေရိကန် ကမ်းခြေစောင့်တပ်က ဗိုလ်ကြီးတယောက်ရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up