A d v e r t i s e m e n t With Us

လှေစီးဒုက္ခသည်များ တိုင်းပြည်နာမည်ပျက်အောင်လုပ်နေဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဝေဖန်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနား (ဓာတ်ပုံ-အေအက်ဖ်ပီ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမ၀င် ရွှေ့ပြောင်းသွားဖို့ ကြိုးပမ်းနေသူတွေဟာ တိုင်းပြည်ရဲ့ ပုံရိပ်ကို အမည်းစက်ထင်အောင် လုပ်နေသူတွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနားက ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူမှောင်ခိုကူးခံရတဲ့ ပင်လယ်ပြင် လှေစီးဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး အလုပ်သမားနဲ့ အလုပ်အကိုင်ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာ မှာပြောကြားခဲ့တာလို့ နိုင်ငံပိုင် ဘီအက်စ်အက်စ်သတင်းမှာဖော်ပြပါတယ်။ နိုင်ငံကနေတရားမ၀င် ထွက်ခွာဖို့ ကြိုးစားနေသူတွေကို စိတ်ရောဂါရနေသူတွေလို့ လည်း ၀န်ကြီးချုပ်က ခေါ်ဆိုလိုက်ပြီး ဒီလူတွေဟာ အခွင့်အရေးသမားတွေဖြစ်တဲ့အကြောင်းနဲ့ သူတို့ကိုခရီးသွားဖို့ စီစဉ်ပေးတဲ့ ကြားလူတွေနဲ့အတူ အရေးယူအပစ်ပေးသင့်တယ်လို့ လည်းပြောပါတယ်။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားပင်လယ်ပြင်ထဲကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက လှေစီး ဒုက္ခသည်တွေ ထောင်နဲ့ချီရောက်လာ ကယ်တင်ထားရပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ခုလို ပြောကြားလိုက်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမ၀င် စက်လှေနဲ့ မြန်မာနိုင်ငံဘက်ကို ၀င်ရောက်လာသူ ၂၀၀ ကျော်ကို မြန်မာရေတပ်က ကယ်ဆယ်ထားခဲ့ရပါတယ်။ လတ်တလော အဆိုပါ လှေစီးဝင်ရောက်လာသူတွေကို နှစ်နိုင်ငံ နယ်စပ် မောင်တော ခရိုင် တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီစခန်းဖွင့်လှစ် ကယ်ဆယ်ပေးထားပြီး ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် မစ္စတာ မိုဟာမက်မာဘူဘာရာမန်က လာရောက်တွေ့ဆုံကာ နေရပ်ပြန်ပို့နိုင်ရေး မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မြန်မာအစိုးရ သတင်းထုတ်ပြန်ချက်အ ရသိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up