A d v e r t i s e m e n t With Us

အိုင်အက်စ်သိမ်းပိုက်ခံ ရာမာဒီမြို့နယ်မြေတချို့ ပြန်သိမ်းနိုင်ပြီလို့ ဆွန်နီပြည်သူ့စစ် ပြော

အီရတ်စစ်တပ်က အိုင်အက်စ်အဖွဲ့ သိမ်းထားတဲ့ ရာမာဒီမြို့ကို ပြန်သိမ်းဖို့ တိုက်ခိုက်နေတာ နယ်မြေတချို့ကို ပြန်သိမ်းနိုင်နေပြီလို့ ရဲအဖွဲ့နဲ့ အစိုးရစစ်တပ်ကို စစ်ကူပေးနေတဲ့ ဆွန်နီ ပြည်သူ့စစ်အဖွဲ့က ပြောပါတယ်။ saddsadsadsa2-620x310ရာမာဒီမြို့ကို စစ်သွေးကြွတွေ သိမ်းထားတာ ၁ ပတ်ရှိနေပြီး အစိုးရစစ်တပ်ရော၊ အစိုးရကို ထောက်ခံတဲ့ ရှီးယားနဲ့ ဆွန်နီမွတ်စလင်ပြည်သူ့စစ်တွေပါ ပူးပေါင်းပြီး မြို့ကို ပြန်သိမ်းဖို့ တန်ပြန် ထိုးစစ်ဆင်နေတာပါ။ ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့အထိ ရာမာဒီမြို့ အရှေ့ဘက် ၁၀ ကီလိုမီတာ အကွာက မြို့တမြို့ကို ပြန်လည် သိမ်းပိုက်နိုင်တယ်လို့ ပြောပါတယ်။ အစွန်းရောက်အဖွဲ့ကလည်း  ရာမာဒီမြိုရဲ့ အရှေ့ဘက် တကျောကို စိုးမိုးနိုင်ဖို့ ဆက်လက် ချီတက်နေတာ ခါဒီယာမြို့နယ်ထဲ အ၀င်မှာတော့ ဆွန်နီမွတ်စလင် ပြည်သူ့စစ်တွေက ပြန်လည် တိုက်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့စစ်အဖွဲ့က ပြောပါတယ်။ ဆီရီးယားနဲ့ အီရတ် နယ်စပ်တလျှောက်ကို သိမ်းထားတဲ့ ဆွန်နီ စစ်သွေးကြွအုပ်စုကို နှိမ်နင်းရေးမှာ အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကလည်း အီရတ်အစိုးရကို လေကြောင်းကနေ စစ်ကူပေးနေပါတယ်။ အီရတ်စစ်တပ်နဲ့ ရှီးယားမွတ်စလင် ပြည်သူစစ်တွေဟာ ဘဂ္ဂဒက်မြို့တော်ရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ ကွယ်လွန်သူ အာဏာရှင် ဆက်ဒမ်ဟူစိန်ရဲ့ ဇာတိမြို့ဖြစ်တဲ့ တီကရစ်မြို့ကို ဒီလ အစောပိုင်းမှာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘဂ္ဂဒက်မြို့တော် အနောက်ပိုင်းမှာတော့ အစွန်းရောက်အဖွဲ့က ထိုးစစ်ဆင်နေပြီး ယူဖရေးတီးမြစ်ဝှမ်းဒေသကို စိုးမိုးဖို့ ဆက်လက် ကြိုးစားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up