A d v e r t i s e m e n t With Us

ကျားကျောင်းထိုင်ဆရာတော် ကျားကုတ်ခံရတာမဟုတ်ဟု ဆရာဝန်ပြော

ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်က ၀ပ်ပါလောင်တဘူ ကျားဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဒဏ်ရာဟာ ကျားကုတ်ခံရတာ မဟုတ်ဘဲ လဲကျသွားတဲ့ အတွက် ဖြစ်တယ်လို့ဆရာဝန်က ပြောပါတယ်။ အသက် ၆၄ နှစ် ဆရာတော်ရဲ့ ဒဏ်ရာတွေက လဲကျလို့ရတဲ့ ဒဏ်ရာတွေ ဖြစ်ပြီး ကျားက ကြောက်လန့်သွားတဲ့အတွက် ကုတ်ခြစ်မိလို့ မျက်နှာမှာ အနည်းငယ် ပွန်းပဲ့သွားတာလို့ ဆရာဝန်ကို ကိုးကားပြီး ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းမှာ ရေးပါတယ်။ [caption id="attachment_94583" align="alignright" width="384"]ဓာတ်ပုံ - ဘန်ကောက်ပို့စ် ဓာတ်ပုံ - ဘန်ကောက်ပို့စ်[/caption] ကျားက ဆရာတော်ကို တိုက်ခိုက်ခဲ့တာ မဟုတ်သလို တကယ်တိုက်ခိုက်ခဲ့မယ်ဆိုရင် မျက်နှာက တစစီ စုတ်ပြတ်သွားမှာ ဖြစ်သလို လက်ရှိ ခြစ်ရာကတော့ နဖူးကနေ နှုတ်ခမ်း အထိ ရှိနေတယ်လို့ ဆရာဝန် ဆဟာတပ် ဆ၀မ်နက်က ပြောပါတယ်။ ရှေ့သွားနဲ့ ခါးကျိုးသွားတာက မြေပြင်ပေါ်ကို လဲကျခဲ့လို့ သူက ပြောပါတယ်။ မေ ၂၃ ရက်က ဆရာတော်ကို ၇ နှစ်အရွယ် ကျား အထီးတကောင်နဲ့ လမ်းလျှောက်ခဲ့ရာမှာ မတော်တဆ ချော်လဲပြီး မြေပြင်ပေါ်ကို လဲကျခဲ့ရာမှာ ကျားရဲ့လည်ပတ်ကို ဆောင့်ဆွဲလိုက်သလို ဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာတော် ၀ိသုဒ္ဓိ ဆရာဒရဟာ ညာဖက်ခါးရိုးနဲ့ ရှေ့သွား ကျိုးသွားသလို ပါးစပ်ထဲက သွေးတွေ ထွက်ခဲ့ပြီး မျက်နှာ ညာဖက်အခြမ်းမှာ ခြစ်ရာ အနည်းငယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆရာတော်က ဒဏ်ရာက သက်သာလာပြီ ဖြစ်သလို ဒီသတင်းပတ်အကုန်မှာ ဆေးရုံက ဆင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးကြပ်မတ်ဆောင်မှာ ကုသရတာက အရင်က နှလုံးရောဂါ အခံရှိတဲ့ အတွက် ဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒီကျားဟာ ကီလို ၃၀၀ လောက်ရှိပြီး ဘုန်းကြီးကျောင်းမှာ နေထိုင်လာတာ ၇ နှစ်ရှိပြီလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up