တရုတ်ပြည် လူအိုရုံ မီးလောင်မှုကြောင့် လူ ၈၀ ဦး သေ၊ ၆ ဦး ဒဏ်ရာရ

ဓာတ်ပုံ - ရိုက်တာ
1.3K
တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန် ပြည်နယ်ထဲက လူအိုရုံ မီးလောင်မှုအတွင်း လူအယောက် ၈၀ သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရတယ်လို့ တရုတ်အစိုးရ မီဒီယာတွေမှာ ဖော်ပြပါတယ်။
[caption id="attachment_94569" align="alignright" width="345"]
ဓာတ်ပုံ - ရိုက်တာ[/caption]
ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ မီးလောင်ရတဲ့ အကြောင်းကိုတော့ စုံစမ်းဆဲ ဖြစ်ပါတယ် တရုတ် ဗဟိုရုပ်မြင်သံကြားလိုင်းရဲ့ ဖေ့ဘွတ်အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံအရ မီးလောင်တဲ့ အဆောက်အဦဟာ ဓာတ်ဆီဆိုင်တဆိုင်ရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ ပုံမျိုး ဖြစ်ပါတယ်။
ဒဏ်ရာရသူ ၆ ဦးကို ဆေးရုံပို့ထားရပါတယ်။ တရုတ်ပြည်မှာ အခုလို မီးလောင်မှုတွေဖြစ်ရင် ဘေးကင်းလုံခြုံရေးဆိုင်ရာ စံနှုန်းတွေ လျော့ရဲတာက အကြောင်းရင်း ဖြစ်လေ့ရှိပါတယ်။
ပုဂ္ဂလိက လုပ်ငန်းရှင်တွေဟာ အကျင့်ပျက်တဲ့ အရာရှိတွေကို လာဘ်ထိုးပြီး လုံခြုံရေး စည်းကမ်းတွေကို ချိုးဖောက်လေ့ရှိပါတယ်။
၂၀၁၃ ခုနှစ်က သားငါးရုံတခုမှာ မီးလောင်မှု ဖြစ်တဲ့အချိန်က အရေးပေါ် ထွက်ပေါက် မရှိတဲ့အတွက် အလုပ်သမားတွေ အထဲမှာ ပိတ်မိပြီး ၁၁၉ ယောက် သေဆုံးခဲ့ပါတယ်။
