ထုတ်ဝေသည့် စာအုပ်စာစောင်များ ပြန်ကြားရေးဝန်ကြီးဌာနကို အခမဲ့ ပေးရမည်

648
စာအုပ်စာစောင်ထုတ်ဝေတဲ့ ပုံနှိပ်လုပ်ငန်းရှင်တွေအနေနဲ့ စာအုပ်ထုတ်ဝေတဲ့နေရာမှာ ထုတ်ဝေတဲ့ စာအုပ်စာစောင် အနည်းဆုံး ၄ အုပ် ဒါမှမဟုတ် ၄ စောင်ကို ကွန်ပျူတာ စာစီတဲ့ပြီးသားဖိုင်တွေကို Electronic Document အနေနဲ့ အခမဲ့ပေးရမယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက မေ ၂၆ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပုံနှိပ်ထုတ်ဝေတဲ့လုပ်ငန်းရှင်တွေကို ဒီလိုစာအုပ်ဖိုင်တွေပေးအပ်ဖို့ ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲကို လာရောက်မပေးအပ်တဲ့ စာအုပ် ၁၃၄ အုပ် ရှိတဲ့အတွက် ကျန်နေသေးတဲ့ စာအုပ်စာစောင်တွေကို ဥပဒေအရ အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။