A d v e r t i s e m e n t With Us

အကျဉ်းစံ ဗင်နီဇွဲလား အတိုက်အခံ အစာငတ်ခံ ဆန္ဒပြ

ဓာတ်ပုံ (ရိုက်တာ)
အကျဥ်းချခံထားရတဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် လီယိုပိုဒို လိုပက်စ်က ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေ တယ်လို့ ကြေညာပါတယ်။ အကျဥ်းကျခံထားရတဲ့ တခြား နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ မြို့တော်ဝန်ဟောင်း ဒန်နီရယ် စီဘောလိုကို စစ်အကျဥ်းထောင်ကနေ အရပ်ဘက်ကို ပြောင်းရွှေ့တာကို လက်မခံ နိုင်တာကြောင့် အစာငတ်ခံ ဆန္ဒပြတာလို့ အတိုက်အခံခေါင်းဆောင် ဇနီးက လူမှုရေး ကွန်ယက် တွစ်တာမှာ အသိပေးထားပါတယ်။ စီဘောလိုဟာ မနှစ်က လူ ၄၃ ယောက် သေဆုံးခဲ့တဲ့ ဆန္ဒပြပွဲမှာ အတားအဆီးတွေကို ဖယ်ရှားခိုင်းတဲ့ အမိန့် ဖီဆန်မှုနဲ့ အဖမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ အခု သူ့ကို ထောင်ပြောင်းတာဟာ မူမှန် မဟုတ်လို့ အတိုက်အခံ ခေါင်းဆောင် လိုပက်စ်က ပြောတယ်လို့ သူ့ဇနီးက ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ ဖိနှိပ်မှုတွေ၊ ကန့်သတ်မှုတွေကို ရပ်တန့်ပေးဖို့ လိုပက်စ်က တောင်းဆိုပါတယ်။ ဒါအပြင် သူ့ကို ထောက်ခံသူတွေ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ကိုလည်း အတိုက်အခံ ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံ ခေါင်းဆောင် လိုပက်စ်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက သမ္မတ မာဒူရို နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြပွဲကို ဦးဆောင်တဲ့အတွက် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up