A d v e r t i s e m e n t With Us

နမ္မတူ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်

ပြီးခဲ့တဲ့ ရက်ပိုင်းက တီအန်အယ်လ်အေ တအာင်းပလောင်တပ် နဲ့ အစိုးရတပ်ကြား ဖြစ်ပွါးတဲ့ ထိတွေ့ပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်လာတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ နယ်ထဲက ရွာသားတွေဟာ ဒီမနက်မှာတော့ နေရပ်ပြန်ကုန်ပြီ ဖြစ်ပါတယ်။ 11295552_438729096302468_8929671909190893492_nရွာသားတွေ အလုပ်အကိုင်ပျက် ထွက်ပြေးနေရတဲ့အတွက် တအာန်းတပ်က ဆုတ်ခွာသွားပြီး ရွာသားတွေလည်း ပြန်ကုန်ပြီလို့  စစ်ဘေးရှောင်သူတွေ လက်ခံထားတဲ့ မံစံအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးစိုင်းအောင်ဘက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ ဒီမနက်ဘဲ ပြန်သွားကြပါပြီ။ ဒီအချိန်ဟာ သီးနှံစိုက်ပျိုးရေးလုပ်တဲ့အချိန်၊ ရွာသားတွေ ထွက်ပြေးရင် အလုပ်အကိုင်ပျက်မယ်ဆိုတာ သိလို့ ပလောင်တပ်က နောက်ဆုတ်သွား တယ်လို့ကြားတယ်။ အထက်လူကြီးတွေကိုမေးတော့ အစိုးရစစ်တပ်က ရွာသားတွေကို မပူနဲ့၊ သူတို့ လုံခြုံရေးယူပေးမယ်လို့ ပြောတယ်တဲ့။ အခုနားဆိုင်းရွာမှာ အစိုးရတပ်တွေ လာချထား တယ်။” ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့ နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုတွေ တနေကုန် ဖြစ်ပွားပြီး နားဆိုင်းကျေးရွာထဲကို လက်နက်ကြီးကျည် ၃ လုံး ကျရောက်ခဲ့တဲ့အတွက် တရွာလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီးကျည်ဟာ ရွာလမ်းမပေါ် နဲ့ ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲကျပြီး ဇရပ်ခေါင်မိုး ပါထိ သွားတယ်လို့ ဆိုပါတယ်။ နားဆိုင်းရွာသားတွေဟာ ဆယ်မိုင်လောက်ဝေးတဲ့ သူတို့ရွာကို ဆိုင်ကယ်နဲ့ရော ကားကြုံတွေ နဲ့ပါ စုစုပေါင်း ၄၀၀ ကျော် ရောက်ရှိလာပြီး တချို့ကလည်း မိုင်း ၂၀ လောက်ဝေးတဲ့ လားရှိုးမြို့ပေါ်ဘက် တိမ်းရှောင်သွားကြတယ်လို့  ဦးစိုင်းအောင်ဘက ပြောပါတယ်။ စစ်ဘေးရှောင်ရွာသားတွေကို မံစံ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း နဲ့ ခရစ်ယာန်ကျောင်းတွေ မှာ နေရာချပေးခဲ့ပြီး   ထမင်းထုတ်တွေ အိမ်တိုင်းစေ့ လာရောက်ပေးပို့လှူဒါန်းကာ စေတနာရှင်များ ကလည်း ထောက်ပံ့ငွေတွေ ထည့်ဝင်ခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။ လားရှိုးဘက်မှာလည်း  ကလေးလူကြီး ဦးရေ ၂၄ ယောက်ဟာ  ကရင်နှစ်ချစ်ခရစ်ယာန်ကျောင်း ၀င်းထဲ  ခိုလှုံနေကြပြီး နေရပ် ပြန်မပြန်ကိုတော့ မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up