Home
မြန်မာသတင်း
အခြေခံလူတန်းစားများအတွက် မြန်အောင်မြို့က တန်ဖိုးနည်းဟင်းလျာ (ရုပ်သံ)
DVB
·
May 25, 2015
ဧရာဝတီတိုင်း မြန်အောင်မြို့မှာ အောက်ခြေလူတန်းစားတွေ အဆင်ပြေစေဖို့ တန်ဖိုးနည်း ဟင်းလျာရောင်းချမှုတွေ ပြုလုပ်နေပါတယ်။ မြို့ပေါ်က ရပ်ကွက်တွေမှာ တန်ဖိုးနည်း ဟင်လျာလိုက်လံ ရောင်းချနေမှုကို မေလ ၁၈ ရက်နေ့က စတင်လိုက်တာဖြစ်ပါတယ်။ အခုလိုလုပ်ဆောင်တာဟာ တနေ့လုပ် တနေ့စား မိသားစုတွေအတွက် ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ပါဝင်သူတွေက ပြောပါတယ်။ အခုလို ရောင်းချမှုကို နေ့စဉ် ညနေ ၄ နာရီကနေ ၅ နာရီကြားရောင်းချပေးနေတာဖြစ်ပြီး မြို့ပေါ်က ပြည်သူ့ဆေးရုံရှေ့၊ မကျည်းစု၊ ရန်နိုင်အေးနဲ့ ညောင်ရွှေမြိုင်နေရာတွေမှာ ဆုံရပ်သတ်မှတ် ရောင်းချပေးနေတာပါ။ ထမင်းနဲ့ဟင်းတွေ ရောင်းချပေးနေတာဖြစ်ပြီး တမျိုးကို ကျပ် ၁၀၀ နှုန်းနဲ့ ရောင်းချနေပေးနေတာဖြစ်ပါတယ်။ ဆင်းရဲသားပြည်သူတွေအနေနဲ့ သန့်ရှင်းလတ်ဆတ်ပြီး တန်ဖိုးနည်းနည်းနဲ့ စားသုံးနိုင်အောင်လို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ တန်ဖိုးနည်း အဟာရပြည့် သန့်ရှင်းလတ်ဆတ်ဟင်းလျာတွေရောင်းချမှုမှာ တရက်ကို ကျပ် ၅ သောင်းဖိုးလောက်အရင်းအနှီးနဲ့ စတင်ခဲ့တာဖြစ်ပြီး ပါဝင်ကူညီသူ ၁၀ ဦးလောက်နဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုလိုရောင်းချမှုမှာ အမြတ်မရရှိဘဲ အရှုံးပေါ်တဲ့နေတွေရှိသလို အရင်းလောက်ရတဲ့နေတွေလည်း ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024