ဖိလစ်ပိုင် မော်တော်ဆိုင်ကယ်စီးသူများ၏ အန္တရာယ်ကင်းရှင်းစွာ စီးနင်းရေး လှုပ်ရှားမှု (ရုပ်သံ)

1.1K
ဖိလစ်ပိုင်နိုင်ငံမှာ မေ ၂၄ ရက်နေ့က မော်တော်ဆိုင်ကယ်စီးသူ အယောက် ၁၀၀၀ ကျော်ဟာ မြို့တော် မနီလာရဲ့အဓိက လမ်းမကြီးတွေပေါ်တလျှောက် စီတန်းမောင်းနှင်ပြီး အန္တရာယ်ကင်းရှင်းစွာ စီးနင်းရေး လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြပါတယ်။ ဆိုင်ကယ်သမားတွေအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေး စည်းဝေးပွဲ ကျင်းပနေတဲ့ ပန်းခြံဆီ ဆိုင်ကယ်ဟွန်းတွေ တီးပြီး စီးနင်းလာခဲ့ကြတာပါ။
ဒီပွဲကို လုပ်ဆောင်သူတွေကတော့ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာတိုးမြှင့်ဖို့နဲ့ ဆိုင်ကယ်သမားတွေကြောင့် ဖြစ်ရတဲ့ မတော်တဆမှုတွေကို လျှော့ချနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ခရီးသွားလာရေးဌာနက ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်က လမ်းမတော်တဆမှုတွေမှာ မော်တော်ဆိုင်ကယ်တွေကြောင့် ဖြစ်ရတဲ့ မတော်တဆမှုတွေက ဒုတိယအများဆုံးဖြစ်ပြီး အများအားဖြင့် လူရဲ့အမှားကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်မှာ မော်တော်ဆိုင်ကယ်စီးနင်းသူပေါင်း ၄ ဒသမ ၂ သန်းကျော် မှတ်ပုံတင်လုပ် စီးနင်းတယ်လို့ ကုန်းလမ်း သွားလာရေးရုံးက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောတာကတော့ ၂၀၁၃ အစီရင်ခံစာအရ အရှေ့တောင်အာရှမှာ ၂၀၁၀ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၃ သိန်းကျော်ဖြစ်ပြီး ဘီး ၂ ဘီး သို့မဟုတ် ၃ ဘီးတပ်ယာဉ်တွေကြောင့် ဖြစ်ပွားရတဲ့ မတော်တဆမှုက ၃ ပုံ ၁ ပုံ ဖြစ်ပါတယ်။