A d v e r t i s e m e n t With Us

နိုဘယ်လ်ဆုရ သင်္ချာပညာရှင် ဂျွန်နက်ရှ် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်

ဓာတ်ပုံ - ရိုက်တာ
နိုဘယ်လ်ဆုရ သင်္ချာပညာရှင် ဂျွန်နက်ရှ်ဟာ နယူးဂျာစီပြည်နယ်မှာ ကားမတော်တဆမှုကြောင့် သူ့ဇနီးနဲ့အတူ သေဆုံးသွားပြီလို့ အေဘီစီသတင်းဌာနက ထုတ်ပြန်ပါတယ်။ သူတို့ဇနီးမောင်နှံ တက္ကစီ စီးနေတုန်း တက္ကစီမောင်းသူ သတိလွတ်သွားပြီး လမ်းဘောင်တခုကို တိုက်မိသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး သတင်းထုတ်ပြန်ထားတာပါ။ [caption id="attachment_94473" align="alignleft" width="416"] ဓာတ်ပုံ - ရိုက်တာ[/caption] ကာလကြာရှည် စိတ်ကစဥ့်ကလျားရောဂါကို ခံစားခဲ့ရတဲ့ သင်္ချာပညာရှင် ဂျွန်နက်ရှ်ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ A Beautiful Mind အော်စကာဆုရ ရုပ်ရှင်ဇာတ်ကားမှာ ဟောလိဝုဒ်မင်းသား ရပ်ဆဲလ်ခရိုး သရုပ်ဆောင်ထားပါတယ်။ ခုလို ဂျွန်နက်ရှ်နဲ့ ဇနီးဖြစ်သူ အလီရှာတို့ သေဆုံးကြောင်း သတင်းတွေကြောင့် သူ မူးမေ့သွားရတယ်လို့ ခရိုးက သူ့ရဲ့တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင်"An amazing partnership. Beautiful minds, beautiful hearts" လို့လဲ တွစ်တာကနေ ဂုဏ်ပြုရေးသားခဲ့ပါတယ်။ ပရင်စတန်တက္ကသိုလ်က ပညာရှင် နက်ရှ်ဟာ ၁၉၉၄ ခုနှစ်မှာ ဘောဂဗေဒဆိုင်ရာ စီးပွားရေး နိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရတာပါ။ နယူးဂျာစီပြည်က ပရင်စတန်မှာ နေထိုင်ကြတဲ့ ဂျွန်နက်ရှ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ် ရှိပြီး သူ့ဇနီးက အသက် ၈၂ နှစ် ဖြစ်တယ်လို့ အေဘီစီသတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up