နတ်မောက်မြို့တွင် ညသန်းခေါင်ကျော်မီးလောင်၊ အဆောက်အဦတချို့ မီးလောင်ဆုံးရှုံး
DVB
·
May 25, 2015
မကွေးတိုင်း နတ်မြောက်မြို့မှာ မနေ့ည သန်းခေါင်ကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦ၊ စားသောက်ဆိုင်၊ အလှပြင်ဆိုင်နဲ့ မော်တော်ဆိုင်တယ်တွေ ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ နတ်မောက်မြို့ခံ ဦးဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
နတ်မောက်မြို့ ရန်အောင်မြေ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ကားဂိတ်အနီးမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။
“ည ၁၂ နာရီခွဲအချိန်မှာ နတ်မောက်မြို့ ရန်အောင်မြေရပ်ကွက် ရကက နဲ့ ကားဂိတ်အနီးမီး လောင်မှုဖြစ်ပွားတယ်။ အဲဒီမှာ လူနေအိမ် ၁လုံး၊ စာသောက်ဆိုင် တဆိုင် အဲဒီဆိုင်မှာ ဆိုင်ကယ် ၄ စီးပါသွားတယ်။ ပြီးတော့ အလှပြင်ဆိုင် ၂ ဆိုင်၊ ရကကရုံး၊ တောင်တွင်းကြီး ကားဂိတ်၊ ရန်ကုန်-မန္တလေးကားဂိတ်၊ တွင်ခုံလုပ်ငန်းတခု၊ ဆိုင်ကယ်ပြင်ဆိုင်တဆိုင်၊ တီဗွီပြင်ဆိုင်တဆိုင် ညတုန်းက မီလောင်ကျွမ်းသွားတယ်။”
မီးလောင်မှုအတွင်း ထိခိုက်သေဆုံးမှု မရှိဘူးလို့လည်း သူက ပြောပါတယ်။