ဆီရီးယား ရှေးဟောင်းမြို့တော်တွင် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ အလံလွှင့်ထူ (ရုပ်သံ)

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)ဟာ သူတို့ သိမ်းထားတဲ့ ဆီရီးယားက ရှေးဟောင်းမြို့ဖြစ်တဲ့ ပါလ်မိုင်ရာမြို့မှာ အလံလွှင့်ထူထားတဲ့ ဗီဒီယို အင်တာနက် အွန်လိုင်းပေါ် ရောက်နေ ပါတယ်။
စစ်သွေးကြွအုပ်စုဟာ လစ်ဗျားမှာလည်း အီရတ်နဲ့ ဆီရီးယား နယ်မြေတွေကို ပေါင်းပြီး ကိုယ်ပိုင်နိုင်ငံ ထူထောင်ဖို့ ကြေညာထားသလို လစ်ဗျားမှာလည်း ထိုးစစ်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံအရှေ့ပိုင်းက ဗလီမှာ အသေခံ ဗုံးခွဲတာလည်း သူတို့ လက်ချက်လို့ ကြေညာပါတယ်။
ဆွန်နီအစွန်းရောက်အုပ်စုက အီရတ်က တခြားမြို့တွေမှာ ရှေးဟောင်း အမွေအနှစ်တွေကို ပျက်စီးခဲ့သလို ပါလ်မိုင်ရာမြို့က ရှေးဟောင်း အမွေအနှစ်တွေကိုလည်း ပျက်စီးမှာကို စိုးရိမ်နေပါတယ်။
ပါလ်မိုင်ရာမြို့ဟာ ယူနက်စကိုရဲ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဖြစ်ပြီး ရောမခေတ် ဘုရားကျောင်းတွေ အပါအ၀င် အနှစ် ၂၀၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်း အမွေအနှစ်ကို ထိန်းသိမ်းထားရာမြို့ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ရှေးဟောင်း ပြောင်းရွှေလို့ ရတဲ့ ရုပ်ထုတွေ အတော်များများကို ဘေးလွှတ်ရာ နေရာကို ရွှေ့ပြောင်းထားခဲ့ပေမယ့် မပြောင်းနိုင်တဲ့ အမွေအနှစ်တွေ ပျက်စီးမှာကို စိုးရိမ်ရတယ်လို့ ဆီးရီးယား ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ၀န်ကြီးက ပြောပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်ဟာ ၄ နှစ်ထဲမှာ ရောက်နေပြီး ၀ရုန်းသုန်းကား အခြေအနေတွေက အိုင်အက်စ်အဖွဲ့ကို နယ်မြေတွေ သိမ်းဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေပါတယ်။