A d v e r t i s e m e n t With Us

မန်ယူ ဖယ်ကာအိုကို ဆက်ထိန်းထားမည် မဟုတ်

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်းက တိုက်စစ်မှူး ဖယ်ကာအိုကို ဆက်ထိန်းထားတော့မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ မန်ယူကနေ အငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ ကိုလံဘီယာ တိုက်စစ်မှူးဟာ ဟားစီးတီးနဲ့ နောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ “ဖာကာအိုက ထိပ်တန်း ဘောလုံးသမားတဦး ဖြစ်ပါတယ်၊ သူ့ အနာဂတ် တောက်ပလာဖို့ ဆုတောင်းပေးပါတယ်” လို့ မန်ယူနည်းပြ ဗန်ဂါးက ပြောပါတယ်။ မန်ယူက သူ့ကို ပြင်သစ်ကလပ် မိုနာကိုကနေ အငှားစာချုပ်နဲ့ ခေါ်ယူတုန်းက ပေါင် ၄၃ သန်းကျော်ပေးပြီး အပြီးသတ် ခေါ်ယူနိုင်ဖို့ အခွင့်အရေး ထည့်သွင်းထားပါတယ်။ ဒါပေမယ့်လည်း မန်ယူက ဒီနှစ်ရာသီ ၂၉ ပွဲမှာ ၄ ဂိုးပဲ သွင်းယူနိုင်ပြီး ဒဏ်ရာတွေ နဲ့ ရုန်းကန်နေရတဲ့အတွက် ဖာကာအိုကို စာချုပ် မချုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up